𝟲🍒

2K 261 10
                                    

𝐹𝑜𝑟 𝑈𝑛𝑖𝑐𝑜𝑑𝑒

Jungkook လာမယ့် Basketball ပြိုင်ပွဲ အတွက် တစ်နေ့လုံး လေ့ကျင့်ခဲ့တာ။ ညနေစောင်းမှ အိမ်ကို ပြန်လာခဲ့တယ်။ တစ်ကိုယ်လုံးက ချွေးတွေကလည်း Jungkook ဒီနေ့ ကြိုးစားခဲ့တယ်ဆိုတာကို သက်​ေသပြနေသည်။

"ပြန်ရောက်ပါပြီ"

မေမေက မီးဖိုချောင်ထဲ တကုတ်ကုတ်နဲ့ ဘာတွေ ချက်နေပြန်လဲ မသိဘူး။ Jungkookလည်း မေမေ့ကို အနောက်ကနေ သိုင်းဖက်လိုက်ကာ

"ဘာတွေချက်နေတာလည်းမေမေ မွှေးနေရောပဲ"

"ေအာ်...ဒီတိုင်း အစာပြေစားဖို့ သီဟိုသ်စိ ေလှာ်နေတာသားရဲ့"

"အရမ်းစားကောင်းမှာပဲ။ ဖေဖေရော ပြန်မလာသေးဘူးလား"

"မလာသေးပါဘူး။ သူနောက်ပိုင်း အလုပ်ကြပ်တယ်လေ။ အမလေး နံဆော်နေရော သွား...သွား...ရေသွားချိုး"

"ဟုတ်ကဲ့ပါဗျာ"

Jungkook လည်း တစ်ကိ်ုယ်လုံး နံနေတာကြောင့် ရေချိုးချလိုက်တော့မှ နေသာထိုင်သာရှိသွားတော့သည်။

ရေချိုးခန်းထဲက ထွက်လာတော့ ကုတင်ပေါ်မှာ တုန်ခါနေတဲ့ ဖုန်းလေး....Jungkookလည်း Contactကို တစ်ချက်ကြည့်ကာ

"အော် Hyejin-ah"

"ဘယ်မှာတွေ့မလို့လဲ"

"လမ်းထိပ်ပဲထွက်ခဲ့လိုက်မယ်နော်"

"အင်း ချစ်တယ်"

Hyejinက တွေ့ချင်တယ်ဆိုပြ​ီး ဖုန်းဆက်တာကြောင့် Jungkookလမ်းထိပ်က မုန့်ဆိုင်မှာပဲ တွေ့ဖို့ထွက်ခဲ့လိုက်သည်။

"မေမေ သား မုန့်ဆိုင် ခဏ သွားလိုက်ဦးမယ်နော်"

"အေးအေး ဂရုစိုက်သွားဦး"

လမ်းကို အေးဆေးသာ လျှောက်လာခဲ့တာ စိတ်ထဲ Hyejinနဲ့ တွေ့ရမှာတောင် လေးလံနေသလိုပဲ။

အရင်တစ်ခါက Hyejin ဖေဖေနဲ့ တွေ့မိတုန်းက ကျွန်တော့်ကို အလိုမကျသလို ကြည့်နေတာ။ ကျွန်တော် အနေခက်ပေမယ့် သူ့အဖေက အဆင့်အတန်းခွဲခြားပုံပဲ။ နောက်ပြီး ေပြာသွားသေးတယ် 'ငါ့ သမီးနား နောက်တစ်ခါ မတွေ့ချင်ဘူး'တဲ့ 'နောက်ခါတွေ့ရင် ငါတစ်ခုခု လုပ်မိမယ်'တဲ့။ မတက်နိုင်ဘူးလေဗျာ။

~•𝖭𝖾𝗐 𝖱𝗎𝗅𝖾𝗌•~Where stories live. Discover now