𝙴𝚡𝚝𝚛𝚊➁🍒

2K 163 21
                                    

Unicode

"မင်...."

အလုပ်နားရက်မို့လို့....Jiminနား ကပ်ချွဲနေသည့် Jungkook။ မင်...မင်...မင်...နှင့် နားပူအောင်ကိုပင် တဂျီဂျီခေါ်နေတာ။ အခုလည်း ကိတ်မုန့်လုပ်ကျွေးဆိုလို့ လုပ်ပေးနေပြီကို ဘေးနားမ​ှာ စကားလာများနေတုန်း။ အသက်ကဖြင့် ရနေပြီ။ သမီးလေးတောင် အလယ်တန်းပထမနှစ်ဆိုတော့ ဘယ်အရွယ်တွေရောက်နေပြီလဲမှန်းသာကြည့်တော့....။ အင်း....သိပ်တော့လည်း အသက်မကြီးကြသေးပါဘူးနော်။

"Jungkookရယ်....နားကို ပူနေရော....ဘယ်လိုဖြစ်နေတာလဲ"

ထို့သို့ပြောမှ ကိုယ့်အနားသို့ ကောက်ကာငင်ကာ ရောက်ချလာပါသော Jungkook...။ မီးဖိုဘက် မျက်နှာလှည့်နေတဲ့ ကိုယ့်ကို နောက်ပါးမှ သိုင်းဖက်ကာ....

"နားပူတာလား"

ရွှတ်နောက်နောက်နှင့် ရယ်သံစွတ်ကာပေးပုံထောက်ရင် ဒီသကောင့်သား မည်သို့မည်ပုံကြံစည်နေသည်မသိ။

"အင်း...."

"မင့်နားရွက်လေးကို ကိုယ်ငုံထားပေးမယ်"

ရုတ်တရက်ကြီး နားရွက်သေးသေးအား တတိတိကိုက်နေပြီဖြစ်တဲ့ Jungkookကြောင့် Jiminမှာ ပြာယာခက်သွားရသည်။ တကယ်တည်း ကျွန်မကလည်း ကျွန်မပါပဲ....ဒီအသက် ဒီအရွွယ်ထိရောက်နေပြီ သူနဲ့ဆို ရှက်နေမိတုန်း။

"အိုမား...."

"သားငယ်လေး.."

အငယ်လေးမှာ ဆင်းလာပြီမို့ Jungkookအား တွန်းဖယ်ကာ ကလေးဘက်သို့ အာရုံပို့လို်က်သည်။ အကဲပိုနေတဲ့ အဖေကြီးမှာတော့ အင်တင်တင်နဲ့ ကျန်ခဲ့တော့သည်။ သမီးငယ်ကိုက အာပါးJungkookက သဲသဲလှုပ်သလို၊ သားငယ်ကိုတော့ ကျွန်မက သဲကဲသည်လေ။ တခါတလေဆို အူပုတ်တတ်ပါသေးသည်။ သားအဖချင်းတောင် သဝန်တိုတတ်တဲ့ အစ်ကိုတော် Jungkookကြောင့် Park Jiminမှာ ယောက်ျားသားမိတ်ဆွေဟူ၍ နည်းပါးသွားလှပြီ။

"Yeah! Jeon Jungmin! မင်း ဘယ်လိုကလေးဆန်နေတာလဲ။ အဲ့လိုဆို ကောင်မလေးတွေက မင်းကိုကြိုက်မှာမဟုတ်ဘူး"

Jiminအား ချွဲကာ ပါးအား ပကျွတ်ပကျွတ်ဖြင့် နမ်းနေသည့် Jungminမှာ Jungkookစကားကြောင့် ချက်ချင်းအော်ငိုတော့မည့်ပုံပင်ပေါ်နေပြီ။

~•𝖭𝖾𝗐 𝖱𝗎𝗅𝖾𝗌•~Donde viven las historias. Descúbrelo ahora