𝐹𝑜𝑟 𝑢𝑛𝑖𝑐𝑜𝑑𝑒
"အား...ခေါင်းကိုက်လိုက်တာ...မေမေရေ....ရေပေးပါ"
"ရော့ရော့....လူဆိုးမ ညက အရက်တွေသောက်ထားတာမှ လူနဲ့တောင် မတူဘူး။ ဘယ်လိုလဲ နင်...ဟမ်။ တော်သေးတာပေါ့ Jungkookလာလိုက်ပို့ပေးလို့"
"ဘယ်လို"
မနေ့က သောက်ခဲ့တာလဲ သိတယ်။ လူနဲ့ မတူအောင် မူးနေတာလည်းသိတယ်။ မသိတာက ပြန်လိုက်ပို့ပေးတာ Jungkookတဲ့။ ကိုယ့်ဘာသာ ပြန်လာတာမဟုတ်ဘူးလား။
"ငိုင်မနေနဲ့။ အောက်မှာ ပဲတီပင်ပေါက် ဟင်းချို ချက်ထားတယ်။ လာသောက် ပြီးရင်ကျောင်းသွား"
မေမေက ဆူပူပြီး ထွက်သွားပေမယ့် Jiminကတော့ ငိုင်နေဆဲ။ သူဘာတွေများပြောလိုက်မိလည်းမသိဘူး။ မပြောမိပါစေနဲ့ပဲ ဆုတောင်းရမယ်။
ရေကို ခပ်မြန်မြန်ချိုးကာ မေမေ ပြုတ်ပေးတဲ့ ဟင်းရည်ထိုင်သောက်နေလိုက်သည်။
"သမီး.."
"ရှင်"
"ဘာလို့ အဲ့ အရည်တွေ သောက်လာတာလဲ"
"ဒီတိုင်းစိတ်ညစ်လို့"
"ဟူး...စိတ်ညစ်တိုင်းသောက်စရာလား"
" .... "
"သမီးစိတ်ညစ်စရာရှိရင် ရင်ဖွင့်ပေါ့"
ခုဏက ဒေါသတစ်ကြီး ဆူပူတဲ့မေမေ မဟုတ်တော့ပဲ မေမေက အရမ်းစိတ်ပူနေပုံပေါ်သည်။
"ဘယ်သူ့ကို ရင်ဖွင့်ရမှာလဲ"
"Jungkookလေးရှိနေတာပဲ"
စိတ်ညစ်နေတာ Jungkookကြောင့်လေမေမေရယ်။
"မေမေ မသိပါဘူး"
"Jungkookကြောင့်လား"
"မေ..မေမေက ဘယ်လိုသိတာလဲ"
"သမီးက Jungkookလို့ပြောရင် တိတ်တိတ်သွားတာကို"
" ....... ဟင့်..."
ရုတ်တရတ်ကြီး ငိုနေတဲ့ သမီးငယ်ကိုကြည့်ပြီး Jiminရဲ့ မေမေ သဘောပေါက်လိုက်သည်။ Jiminက ငယ်ငယ်ထဲက Jungkookလေးကို အရမ်းခင်တွယ်နေတာ။ သူငယ်ချင်းလိုမဟုတ်ပဲ တခြားလိုမျိုး။ Jungkookလေးလည်း သိမယ်ထင်ပါတယ်။ ဒါပေမယ့် သူ့မှာလည်း အကြောင်းတော့ရှိမှာပေါ့။
BẠN ĐANG ĐỌC
~•𝖭𝖾𝗐 𝖱𝗎𝗅𝖾𝗌•~
Lãng mạn▪𝙹𝚒𝚔𝚘𝚘𝚔 𝙺𝚘𝚘𝚔𝚖𝚒𝚗 ▪𝙽𝚘𝚛𝚖𝚊𝚕 𝙵𝚒𝚌𝚝𝚒𝚘𝚗 ▪𝙾𝚠𝚗 𝙲𝚛𝚎𝚊𝚝𝚒𝚘𝚗 𝚂𝚝𝚊𝚛𝚝𝚎𝚍 𝚒𝚗-1.10.2020 𝙴𝚗𝚍𝚎𝚍 𝚒𝚗-2.12.2020 🔹1𝚜𝚝 𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 𝚏𝚒𝚌𝚝𝚒𝚘𝚗 𝚠𝚒𝚝𝚑 ⓶ 𝚎𝚡𝚝𝚛𝚊𝚜🔹 🍒𝚁𝚎𝚊𝚍 𝙵𝚘𝚛 𝙵𝚞𝚗🍒 #𝙵𝚒𝚌 𝚌𝚘𝚟�...