𝖥𝗈𝗋 𝗎𝗇𝗂𝖼𝗈𝖽𝖾
ဒီကို ရောက်နေတဲ့ ရက်ပိုင်းအတွင်း တော်တော်ကို ခက်ခဲခဲ့သည်။ ကျောင်းတုန်းက ဘာလို့ အဂ်လိပ်စာကို သေချာ မလုပ်ခဲ့မိလည်းမသိဘူး။ ဒီရောက်ရော စကားပြောရတာ တိုင်တွေပတ်နေတာ။
ညညဆို ကျောင်းစာတွေပြန်ကျော့ အိမ်စာတွေလုပ်ရုံတင်မကဘူး။ အဂ်လိပ်စာကိုပါ သေချာ ပြန်လေ့လာနေရတာကြောင့် အဆင်မပြေဖြစ်ခဲ့သည်။ ဒါပေမယ့် နှစ်ပတ်လောက်နေတော့ ေနသားကျခဲ့တယ်။
ကျွန်တော့်မှာ နားချိန်ဆိုလို့ သိပ်မရှိဘူး။ ဒီစာ ဒီစာတွေနဲ့ပဲ ထပ်နေတော့ နားချိန်ဆိုလို့ အိပ်ချိန်ပဲရှိမယ်။ ဒါကြောင့် အိမ်ကိုပင် အချိန်မှန်မှန် ဖုန်းမဆက်ဖြစ်ခဲ့။
ကျွန်တော်သိလိုက်ရသည်။ သူတို့နိုင်ငံတွေ ဘာကြောင့် အခုလို တိုးတက်ခဲ့လဲဆိုရင် သူတို့က အိပ်ချိန်ထချိန်ကအစ ဂရုစိုက်ကြသည်လေ။ ဒါကြောင့်လညး် နိုင်ငံကြီးတွေဖြစ်နေတာပေါ့။
"ဗိုက်ဆာလိုက်တာ....."
ဗိုက်ကလည်း ဆာပြန်ပြီ။ စာအရမ်းလုပ်ပြီး ညဥ့်နက်နေပြီမို့ Jungkook စားဖို့သောက်ဖို့အတွက် အခက်တွေ့ရလေသည်။ ရေခဲသေတ္တာထဲ ဖွင့်ကြည့်တော့ ညနေကမှ ကိုရီးယားမြေကို လွမ်းတယ်ဆိုပြီး လောလောလတ်လတ်ဝယ်ထားမိတဲ့ ခေါက်ဆွဲဘူးကို သတိရလိုက်တာကြောင့် ခပ်မြန်မြန်ပင် ပြုတ်ရန် ထလိုက်တော့သည်။
ပြုတ်ပြီးတာနဲ့ ပန်းကန်ပင်မယူပဲ ဖြစ်သလိုပင် ဘူးလိုက်စားလေသည်။
"အာ...ပူလိုက်တာ"
ခေါက်ဆွဲကို ပါးစပ်ထဲ အတင်းထိုးထည့်မိတာကြောင့် ပါးစပ်ရဲ့တစ်ဝက်မှာပင် ပူလာလေသည်။ အားရပါးရစားထည့်နေပြီး ခေါက်ဆွဲဘူးဆီ မျက်စိအရောက် သတိရလိုက်တာတစ်ခုရှိပြန်သည်။
အလယ်တန်း နောက်ဆုံးနှစ် လေ့လာရေး ခရီးထွက်တုန်းကပေါ့။ တောင်တက်ခရီးမို့ အကုန်လုံးက စစချင်း အားအင်တွေပြည့်နေကြပေမယ့် လမ်းတစ်ဝက်ရောက်တော့ မောဟိုက်လာကြသည်။ ထိုထဲမှာ မမောမပန်းနိုင်တက်နေတဲ့သူကတော့....
"ဟဲ့ ရုပ်ဆိုး...ဘာလို့ အဲ့လောက် မြန်မြန်တက်နေတာလဲ"
" ....... "
CZYTASZ
~•𝖭𝖾𝗐 𝖱𝗎𝗅𝖾𝗌•~
Romans▪𝙹𝚒𝚔𝚘𝚘𝚔 𝙺𝚘𝚘𝚔𝚖𝚒𝚗 ▪𝙽𝚘𝚛𝚖𝚊𝚕 𝙵𝚒𝚌𝚝𝚒𝚘𝚗 ▪𝙾𝚠𝚗 𝙲𝚛𝚎𝚊𝚝𝚒𝚘𝚗 𝚂𝚝𝚊𝚛𝚝𝚎𝚍 𝚒𝚗-1.10.2020 𝙴𝚗𝚍𝚎𝚍 𝚒𝚗-2.12.2020 🔹1𝚜𝚝 𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 𝚏𝚒𝚌𝚝𝚒𝚘𝚗 𝚠𝚒𝚝𝚑 ⓶ 𝚎𝚡𝚝𝚛𝚊𝚜🔹 🍒𝚁𝚎𝚊𝚍 𝙵𝚘𝚛 𝙵𝚞𝚗🍒 #𝙵𝚒𝚌 𝚌𝚘𝚟�...