𝐹𝑜𝑟 𝑢𝑛𝑖𝑐𝑜𝑑𝑒
အုံ့မှိုင်းမှိုင်း မနက်ခင်းလေး တစ်ခုမှာ မိုးသံ သဲ့သဲ့က ခေါင်မိုးထက် တဖျောက်ဖျောက်မြည်နေလေသည်။ ဒီလို အချိန်မျိုးမှာဆို ပိုပြီး တိုးအိပ်ချင်ပေမယ့် အချိန်တိကျလွန်းတဲ့ Jiminကတော့ ဆက်အိပ်လို့ မရတော့ပေ။
"အခုမှ... ၆နာရီခွဲပဲ ရှိသေးတာကို"
မျက်လုံးကို ဖွင့်ဖွင့်လိုက်ချင်း မျက်ရိုးနားက နာကျင်မှုကို ခံစားလိုက်ရသည်။ ဟုတ်သား ငါညက အရမ်းငိုခဲ့တာပဲ။ မနေ့ညက Jungkookကို အကြောင်းမဟုတ်တာလေးနဲ့ စိတ်ဆိုးမိလို့ ပြန်တောင်းပန်ချင်တာကြောင့် ဖုန်းဆက်ခဲ့ပေမယ့် ဖုန်းကို စက်ပိတ်လိုက်တယ်လေ။ ဘာဖြစ်လို့ဖြစ်မှန်းလည်း ဆက်မသိရဘူး။
တွေးနေရင်းပင် ဝမ်းနည်းမှုက လှိုက်တက်လာသည်မို့ အိပ်ရာပေါ်က ထကာ ရေချိုးခန်းသို့သာ ဝင်လိုက်သည်။ ထို့နောက် မျက်ရည်များကို မျက်နှာသစ်ရင်း ရေတဲ့ အတူ စီးခွင့်ပြုလိုက်သည်။
"သမီးငယ် အဲ့မှာ ဘာရပ်လုပ်နေတာလဲ"
လှေကားထစ်မှာလည်း ကြောင်တောင်ကြီးရပ်ကာ Jungkookဖုန်း ဘာလို့ ပိတ်သွားလည်း စဥ်းစားနေမိပြန်သည်။ မေမေခေါ်မှ အသိဝင်တာ။
"ကင်မ်ချီ ထမင်းကြော် လုပ်ထားတယ်။ လာစားချည်"
"ဟုတ်ကဲ့"
ပျက်ယွင်းနေတဲ့ မျက်နှာကို အသာထိန်းကာ Jimin မေမေချက်ထားသည့် ကင်မ်ချီ ထမင်းကျော်ကို ထိုင်စားနေလိုက်သည်။ ကျောင်းပိတ်ရက်ဖြစ်တာမို့ ဘာလုပ်ရပါ့။ ပျင်းဖို့ကောင်းလိုက်တာရော်...။
ဖေဖေ စင်လိုက်ဝယ်ပေးထားသည့် စာအုပ်တွေကို လှိမ့်ဖတ်နေမိသည်။ ငယ်ဘဝကတော့ ဆော့ချိန်ရှိတာမို့ ကျောင်းပိတ်ရက်ကို သဘောကျပေမယ့် အခုတော့ ပျင်းရိနေမိသည်။ သူများတွေသာဆို အခုချိန် ချစ်သူနဲ့ ချိန်းတွေ့နေမလား။ ဖုန်းလေးနဲ့ စကားဆွေ တီတီတာတာပြောနေကြမလား။ သူငယ်ချင်းတွေနဲ့ အက်ျီတွေ လိုက်ဝယ်နေကြမလား။
မိန်းကလေး သူငယ်ချင်းမရှိတဲ့ Jiminက စျေးဝယ်လည်း ထွက်လို့မရ။ တစ်ယောက်ထဲကျတော့လည်း ပျင်းစရာကြီး။ ယောက်ျားလေးသူငယ်ချင်းနဲ့ဆို ဘောလုံးသွားကန်မှပဲရမယ်။ ချစ်သူကကျတော့ရော.... ။
YOU ARE READING
~•𝖭𝖾𝗐 𝖱𝗎𝗅𝖾𝗌•~
Romance▪𝙹𝚒𝚔𝚘𝚘𝚔 𝙺𝚘𝚘𝚔𝚖𝚒𝚗 ▪𝙽𝚘𝚛𝚖𝚊𝚕 𝙵𝚒𝚌𝚝𝚒𝚘𝚗 ▪𝙾𝚠𝚗 𝙲𝚛𝚎𝚊𝚝𝚒𝚘𝚗 𝚂𝚝𝚊𝚛𝚝𝚎𝚍 𝚒𝚗-1.10.2020 𝙴𝚗𝚍𝚎𝚍 𝚒𝚗-2.12.2020 🔹1𝚜𝚝 𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 𝚏𝚒𝚌𝚝𝚒𝚘𝚗 𝚠𝚒𝚝𝚑 ⓶ 𝚎𝚡𝚝𝚛𝚊𝚜🔹 🍒𝚁𝚎𝚊𝚍 𝙵𝚘𝚛 𝙵𝚞𝚗🍒 #𝙵𝚒𝚌 𝚌𝚘𝚟�...