𝟭𝟱🍒

1.9K 219 17
                                    

𝐹𝑜𝑟 𝑢𝑛𝑖𝑐𝑜𝑑𝑒

"ဟက်...ချိုး..."

ချီးထုပ်ကောင် Jungkook။ မနေ့က သူနဲ့ ညဘက်ကြီး ရေအတူကူးလိုက်တာ လူက မနက်လည်းရောက် နုံးနေလေသည်။ နှာကလည်း စေးနေသေးတယ်။ ဒါပေမယ့် မနေ့က အခြေအနေက သူတို့နှစ်ယောက်လုံး ကြည်နူးခဲ့သည်ဆိုတာကိုတော့ တက်အက်ပြောနိုင်သည်။

ပြန်မယ့်ရက် ဖြစ်ပေမယ့် အချိန်က လိုသေးတာမို့ Jimin Taehyungအား တစ်နေရာမှာ ခေါက်ဆဲဲပြုတ် စားကြရန် လှမ်းခေါ်လိုက်သည်။ Jungkookလည်း မပါမဖြစ်ပေါ့။ Jungkookက ခေါက်ဆွဲ အရမ်းကြိုက်သည်လေ။ သူ့ပုံစံလေးတွေပြောင်းလဲသွာပေးမယ့် အကျင့်ပိစိလေးတွေတော့ ပြောင်းလဲမယ်မထင်ဘူး။

Taehyungဆီတော့ ဖုန်းဆက်ပြီး Jungkookကိုစာတိုလေးတစ်ခု ပို့လို်သည်။ နေရာတစ်ခု၌ချိန်းပြီး Jimin လည်း ထိုနေရာသို့ ထွက်လာခဲ့သည်။ တည်းခိုဆောင်တွေရဲ့ ဝရန်တာ ကွပ်ပျစ်မှာ ခေါက်ဆွဲ ဘူးတွေနေရာချပြီး ရေနွေးတည်ကာ ထိုင်နေလိုက်သည်။

ခဏနေတော့ အားလုံးရောက်လာကြလေသည်။ ထိုထဲတွင် Jiminက Jungkookကိုသာ ကွဲထွက်စွာ မြင်နေရသည်။ ဆွယ်တာ အဖြူနဲ့ အမဲဆက်အရောင်နဲ့ လိုက်ဖက်စွာ ခန့်ညားနေတဲ့ Jungkook က အရမ်းကိုလည်း ဆွဲဆောင်မှုရှိသေးသည်။ Jungkookက Jiminကို တွေ့တွေ့ချင်း ယုန်သွားလေးတွေ ပေါ်သည်အထိပြုံးပြလေကာ Jimin ေဘးသို့ တိုးကပ်စွာ လာထိုင်သည်မို့ Jimin အသာ ဆွဲဆိတ်ရသေးသည်။ အရမ်းကို ကဲတာပဲ။

"ဝိုး...Jimin ခေါက်ဆွဲဘူးတွေက ဒီလောက်အများကြီးကို။ ငါတို့က လူက နည်းနည်းလေးလေ"

ခေါက်ဆွဲဘူး ၈ဘူးအား ရေနွေးထည့်ကာ အုပ်ထားသည်မို့ Taehyungက တစ်အံ့တစ်သြမေးလေသည်။ Jungkookကတော့ မအံ့သြပေါင်။ ကျွန်တော့် Jiminလေးက အစားပုတ်တယ်လေ။

"ဟီး....ငါက ၃ဘူးစားမှာ"

"နင်မိန်းကလေးပါနော် Jimin။ စားလိုက်တာမှ ပတ်ပတ်ဆက်ဆက်ပဲ"

"မိန်းကလေးမို့ စားတာပေါ့ဟ"

Taehyung Jiminကို မနိုင်ဘူးဆိုတဲ့ သဘောဖြင့် ခေါင်းကို ရမ်းခါကာ ခေါက်ဆွဲကို အာရုံစိုက်ပြီး စားတော့သည်။ Jiminသည်လည်း ခေါက်ဆွဲ၃ဘူးကို မကြာလိုက်ခင်မှာပဲ အကုန်စားနိုင်မို့ Yoongiရယ် Taehyungရယ် Namjoonရယ်ကတော့ အံ့သြနေကြသည်။

~•𝖭𝖾𝗐 𝖱𝗎𝗅𝖾𝗌•~حيث تعيش القصص. اكتشف الآن