𝐹𝑜𝑟 𝑧𝑎𝑤𝑔𝑦𝑖
"ကျေးဇူးပါ Jungkook..... "
"ဟမ်..?"
"ငါ့ကို လှတယ်လို့ မြင်ပေးတဲ့ အတွက်ကျေးဇူးပါ...."
"အော်....အင်း....."
"ငါသွားတော့မယ်.....ဂရုစိုက်ပြန်....."
Jiminကတော့ Jungkookကို နှုတ်ဆက်ကာ အိမ်ထဲသို့ဝင်သွားတော့သည်။ ကျန်ခဲ့တဲ့ Jungkookကတော့ စိတ်ထဲ ခုလို့နေသည်။ ဘာလို့ဆို အရင်ကဆို သူအခုလို Jiminကိုပြောလိုက်ရင် Jiminမျက်နှာလေးက ရှက်သွေးဖြာပြီး စကားတွေပါ ထစ်ကုန်တာ။ အခုဆို Jiminက ဘာမှ မခံစားရသလိုပဲ။ Jiminတဖြည်းဖြည်းပြောင်းလဲလာတယ်လို့ ခံစားရတယ်။ ဒီအချက်ကိုတော့ Jungkookသိပ်သဘောမကျ....။
🍒__________🍒
"ပြန်ရောက်ပါပြီ...."
မေမေ့ကို ပြန်ရောက်ပြီဖြစ်ကြောင်း ပြောကာ အခန်းထဲသို့ တစ်ချိုးထဲ ပြေးတက်ခဲ့ရသည်။ ဘာတဲ့.....Jungkookက ငါ့ကို လှတယ်တဲ့လား....။ တကယ်က Jimin Jungkookပြောစကားကြောင့် အတော်လေးကို ရင်ခုန်သွားတာ...။ အခုက Jungkookကို မေ့အောင် ကြိုးစားနေတုန်းလေ...အတည်မေ့သေးတာမဟုတ်ဘူး...အဲ့တော့ ရင်ခုန်နေသေးတာလဲ မဆန်းပါဘူး...။
ရုပ်ရှင်ရုံမှာတုန်းကလည်း စိတ်ကို အတက်နိုင်ဆုံး ထိန်းထားရတာ တကယ်မလွယ်ခဲ့တာပါ။ ဟန်ဆောင်ရတာကို မကြိုက်ဘူးရယ်။ Jungkookက ကျွန်မ မေ့မယ်ကြံမှ အရမ်းကပ်လာသလိုပဲ။
Taehyungလှမ်းတဲ့ အကွက်တွေကလည်း မရိုးသားဘူး။ သူငယ်ချင်းစစလုပ်ချင်းထဲက အကြည့်တွေက ထူးဆန်းနေခဲ့တာ။ ကျွန်မက ရိုးသာရိုးတာ ဒီလောက်တော့ မှန်းနိုင်ပါတယ်။ ငါ့ကို မချစ်ပါနဲ့နော် Taehyung။
Jungkookကလည်း Taehyung ကျွန်မနားကပ်တာ မကြိုက်ကြောင်း မျက်နှာကြည့်တာနဲ့ သိနိုင်တယ်။
အဲ့လိုမလုပ်ပါနဲ့ Jungkookရယ်....ငါနင့်ကို မေ့ချင်လှပြီ....။Jimin ထိုညက စောစောအိပ်ယာဝင်ခဲ့တယ်။ မဟုတ်ရင် ဟိုဟိုဒီဒီ လိုက်တွေးနေမိမှာလေ...။
🍒__________🍒
မနက်စောစော Jimin ကျောင်းသို့ထွက်လာခဲ့တယ်။ မဟုတ်ရင် Jungkookက အိမ်ကို လာဝင်ခေါ်မှာ....။ Jungkookနဲ့ မျက်နှာချင်း မဆိုင်ချင်သေး....။ ရှက်နေတာတော့မဟုတ်ပေမယ့် ရုတ်တရတ်ကြီး Jungkook အပေါ် သူစိမ်းဆန်ဆန်နေခဲ့တာကြောင့် အားနာနေမိသည်...။ မေ့ဖို့ ကြိုးစားနေတာမှန်ပေမယ့် ဆက်လုပ်သင့်မလုပ်သင့် မဆုံးဖြတ်တတ်ဘူး ဖြစ်နေသည်....။
YOU ARE READING
~•𝖭𝖾𝗐 𝖱𝗎𝗅𝖾𝗌•~
Romance▪𝙹𝚒𝚔𝚘𝚘𝚔 𝙺𝚘𝚘𝚔𝚖𝚒𝚗 ▪𝙽𝚘𝚛𝚖𝚊𝚕 𝙵𝚒𝚌𝚝𝚒𝚘𝚗 ▪𝙾𝚠𝚗 𝙲𝚛𝚎𝚊𝚝𝚒𝚘𝚗 𝚂𝚝𝚊𝚛𝚝𝚎𝚍 𝚒𝚗-1.10.2020 𝙴𝚗𝚍𝚎𝚍 𝚒𝚗-2.12.2020 🔹1𝚜𝚝 𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 𝚏𝚒𝚌𝚝𝚒𝚘𝚗 𝚠𝚒𝚝𝚑 ⓶ 𝚎𝚡𝚝𝚛𝚊𝚜🔹 🍒𝚁𝚎𝚊𝚍 𝙵𝚘𝚛 𝙵𝚞𝚗🍒 #𝙵𝚒𝚌 𝚌𝚘𝚟�...