𝟭𝟵🍒

1.9K 212 2
                                    

𝐹𝑜𝑟 𝑢𝑛𝑖𝑐𝑜𝑑𝑒

"အန်တီ...Jimin ရှိလား"

"ရှိတယ် သား...လာလေ"

"မဝင်နဲ့တော့ သွားမယ်..."

"အော်...သမီးငယ်ရယ် ဘယ်လိုဖြစ်လာတာလဲ။ Jungkook ထွက်မပြေးပါဘူး"

"ဟီး... နောက်မှ တွေ့မယ်မေမေ"

Jiminက သူမ မေမေကို နှုတ်ဆက်နေတာကြောင့် Jungkook ကပါ...

"သွားလိုက်ပါဦးမယ် အန်တီ"

"အော်...ဒီကလေးတွေကတော့ တကယ်တည်း.... လောနေရော။ ကြွကြကြွကြ"

နှစ်ယောက်သား ပြုံးရယ်ကာ Jungkookရဲ့ ကားအနက်လေးထဲ ဝင်သွားခဲ့တော့သည်။

"မင်ကလည်း ကို့ကိုတောင် အိမ်ထဲ ေပးမဝင်တော့ဘူး"

"မရဘူး။ မင် Jungkookကို တော်တော် လွမ်းနေတာ... မေမေတို့ရှေ့ဆို မလွတ်လပ်ဘူး"

"အကဲလေးပဲ။ ကို့ကို လာစိန်ခေါ်နေတာလား"

"ဘယ်ကို အရင်သွားမှာလဲ"

စကားလမ်းကြောင်းလွှဲနေလေသည့် ကောင်မလေးကြောင့် Jungkookမှာ ပြုံးရုံပဲ တက်နိုင်ခဲ့သည်။

"ကို ခေါ်သွားချင်တဲ့ နေရာတစ်နေရာရှိတယ်။ အဲ့ကို သွားပြီးမှ ညစာသွားစားမယ်လေ"

"အင်း သွားရအောင်"

Jimin Jungkookရဲ့ ကားလေး ဘယ်ကို ဦးတည်နေလဲ မသိပါ။ Jungkookရဲ့ လက်ပြင်ကျယ်ကို ကိုင်ပြီး Jungkook မောင်းနှင်ရာနောက်သာ လိုက်ခဲ့ရသည်။

"ဘယ်ကို သွားနေတာလဲ"

မေးပြန်တော့လည်း ပြုံးပဲ ပြုံးပြသည်မို့ Jimin နှုတ်ခမ်းဆူကာသာ လိုက်ခဲ့ရသည်။

Jungkook နေရာတစ်ခု ကားပါကင်၌ ရပ်ကာ Jimin လက်ကိုဆွဲပြီး ဘာမှ မပြောပဲ လမ်းဆက်လျှောက်နေလေသည်။ Jiminကလည်း ဘာလိုလို့လဲ....လိုက်ရုံပဲပေါ့။

Jungkook ခေါ်လာသည့်နေရာက မီးရောင်များလည်း ထိန်ထိန်လင်းနေလေသည်။

"Lotte Worldလား"

"အင်းလေ...မင်က ဆော့ရတာကြိုက်တယ်မှတ်လား"

"လူကို ကလေးများမှတ်နေလား"

"အဲ့တာဆို မဆော့ဘူးလား"

~•𝖭𝖾𝗐 𝖱𝗎𝗅𝖾𝗌•~Where stories live. Discover now