𝟮𝟯🍒{𝙵𝚒𝚗𝚊𝚕}

2.7K 211 6
                                    

𝐹𝑜𝑟 𝑢𝑛𝑖𝑐𝑜𝑑𝑒

Jungkook မနက်စောစော ခေါင်းကိုက်ခဲကာ နိုးလာခဲ့သည်။ ညက Jiminတို့ မေမေက ဘာမှ မဖြစ်ဘူးပြောပေမယ့် တစ်ညလုံးအိပ်မရခဲ့ဘူး။

နိုးနိုးချင်းပင် Jungkook Jiminအား ဖုန်းခေါ်ပြီးနေပြီ။

"ဟယ်လို"

"အင်း မင်...ေနကောင်းရဲ့လား"

"ကောင်း...ကောင်းပါတယ်"

တကယ်ကတော့ Jimin ဒီနေ့ Uniမသွားဘူး။ မနေ့က အပြင်မှာ တစ်ယောက်ထဲသွားစားပြီး မိုးမိကာ ဖျားနေလေပြီ။

"အင်းပါ။ ထမင်းရော စားပြီးပြီလား..."

"ဟင့်အင်း မေမေက ဆန်ပြုတ်.....​​ေဩာ် စားပြီးပြီ"

"မင်! မှန်မှန်ပြောနော်...."

"ဟို.....ဟုတ်..ဟုတ်တယ်။ မင် ဖျားနေလို့"

"ကို့ကို ဘာလို့ညာတာလဲ"

"ဘာမှ မဟုတ်တာလေးနဲ့ စိတ်မပူစေချင်လို့ပါ Jungkookရယ်"

"ဟူး...နောက်ဆို ကုန်ကုန်ပြောရမယ်။ အခုဘာလုပ်နေလဲ"

"လှဲနေတာပေါ့ အိပ်ရာထဲပဲ"

"အင်း ပြီးရင် ဆေးသောက်။ ကို အလုပ်သွားတော့မယ်"

"အင်း..."

ဖုန်းချသွားပြီး Jimin Jungkookကို ကြိမ်ဆဲနေမိသည်။ အားအားနေ ဆူနေတာပဲ။

🍒____________🍒

"အား ကျွတ်...ကျွတ်..."

"နိုးပြီလား"

"ဟင်...ယောင်း...အဲလေ..Taehyung"

Taehyungက အကြာကြီး ရပ်ကြည့်နေသေးသည်မို့ Yoongi ကပဲ ခပ်မြန်မြန်....

"Taehyungကို နှောက်ယှက်မိသွားတယ်...ကိုယ်တောင်းပန်...."

"ပဲတီပင်ပေါက် ဟင်းရည်လုပ်ထားတယ်။ လာသောက်"

"​ေဩာ် အင်း..."

Taehyungက အေးအေးချမ်းချမ်းပဲ မသိချင်ယောင်ဆောင်ကာပြောသည်မို့ Yoongi ကြောင်သွားရသည်။ ဘာပဲ ဖြစ်ဖြစ်ပါ။

မီးဖိုချောင်ဘက်လာခဲ့ပြီ ဟင်းရည်ကိုပဲ မြန်မြန်သောက်ကာ မော့ကြည့်လိုက်သည့်အခိုက် စူးစိုက်ကာကြည့်နေသော Taehyungရဲ့ အကြည့်တွေနှင့်စုံလေသည်။

~•𝖭𝖾𝗐 𝖱𝗎𝗅𝖾𝗌•~Donde viven las historias. Descúbrelo ahora