𝟮𝟭🍒

2.1K 199 13
                                    

𝐹𝑜𝑟 𝑢𝑛𝑖𝑐𝑜𝑑𝑒

"မင်....မနက်စာရပြီနော်"

မနက်စာ ရနေပြီ ဖြစ်၍ အိပ်ပုတ်လေး Jiminအား လာနှိုးသည့် Jungkook။ စောင်ပုံထဲ ပြန်ကွေးနေသေးသည့် Jiminကြောင့် Jungkookတစ်ချက်ရယ်လိုက်မိသည်။ မနက်ကတော့ သူလုပ်လို့ ကိုယ်နိုးရပြီး.....။

"မင်....ထတော့ မနက်စာရပြီ။ လာစား"

"Jungkookie~"

ကျွန်တော့် အသည်းလေးက ဘယ်လိုတောင်ခေါ်လိုက်တာလဲဗျာ။ အသံလေးကလည်း ချိုအီနေရော။

"မင်....ဒီနားကြီးအရမ်း နာနေသေးတယ် မထနိုင်ဘူး"

သူမရဲ့ ဝမ်းဗိုက်ကို ကိုင်ကာ ပြောနေသည့်မို့.....ကိုယ်ဆိုးခဲ့တာဆိုတော့လည်း လုပ်ပေးရမှာပေါ့.... ဟုသာတွေးပြီး ....

"Jungkookie ချီပေး..... "

Jungkook Jimin နားသို့ပင်လာကာ ချီရန် စောင်ကို ဖယ်ဖို့ ပြင်လိုက်သည်။ ထိုအခါမှ အသံစူးစူးက...

"စောင်ကို မဖယ်နဲ့!!!!"

"စောင်ကိုဖယ်မှ ကို ချီလို့ရမှာပေါ့"

"မဖယ်နဲ့ဆို..."

ဒီအချွဲလေးကတော့ ချွဲနေတော့တာပဲ။ Jungkookလည်း Jimin ကိုယ်ဘေးကို စောင်နဲ့သာ လုံးပြီး ချီချလိုက်သည်။ ပြီးမှ ရေချိုးခန်းထဲသို့ လိုက်ပို့ပေးပြီး အိမ်အောက်ထပ်မှာ ထိုင်​စောင့်နေလိုက်သည်။

Dee....

"ဟယ်လို.... "

"သား...အဆင်ပြေရဲ့လား။ သမီးလေး Jiminရော"

"အဆင်ပြေပါတယ် မေမေ"

"မေမေ Hyejinနဲ့ သားရဲ့ ကိစ္စကို..."

"သား လုံးဝ လက်မထပ်ဘူးနော်မေမေ။ သား Jiminနဲ့ပဲ လက်ထပ်မှာ..."

"အေးပါ။ နင်ကလည်း ကဲကိုကဲတယ်။ ငါပြောတာ ဆုံးအောင်တောင်နားမထောင်ဘူး"

"ေမမေကလည်း...."

"Hyejinနဲ့ သားရဲ့ ကိစ္စကို ငြင်းဖို့အတွွက် ဒီနေ့ ​သားဖေဖေ ကုမ္ပဏီကို လာလိမ့်မယ်။ အဲ့မှာ သားလည်း လိုက်သွားပြီးသွားပြောပေါ့"

"ဟုတ်ကဲ့ မေမေ"

"ဒါနဲ့ ငါမေးပါဦးမယ်။ Jiminနဲ့ ဘယ်တုန်းက ချစ်သူတွေဖြစ်သွားတာလဲ။ ငါလည်း မသိရပါလား"

~•𝖭𝖾𝗐 𝖱𝗎𝗅𝖾𝗌•~Nơi câu chuyện tồn tại. Hãy khám phá bây giờ