𝟯🍒

2.2K 293 17
                                    

𝐹𝑜𝑟 𝑧𝑎𝑤𝑔𝑦𝑖

"ငါ့ နာမည်က Kim Taehyungပါ။ တွေ့ရတာ ဝမ်းသာပါတယ် Jimin-shi"

"အာ....ဟုတ်ကဲ့"

"ငါက ကျောင်းသားအသစ်မို့လို့ သူငယ်ချင်းလဲ မရှိသလို ဒီ ကျောင်းအကြောင်းလဲ မသိသေးဘူး ပြီးတော့ Jimin shiနဲ့ ခင်ချင်လို့ပါ"

ဘာလား။ ဒီစားပွဲဝိုင်းမှာ ရှိနေတာ လူနှစ်ယောက် သူအပါအဝင် လူ ၃ယောက်ရှိနေတာလေ။ ငါ့ကိုကျတော့ ချန်ထားပြီး Jiminကိုတဲ့။

"အာ.....ဟုတ်ကဲ့ ကျောင်းသားသစ်ဆိုတော့ ကူညီရတာပေါ့။ ဒါနဲ့ ငါ့နာမည်ကို ဘယ်လိုသိတာလဲ"

"Park Jiminဆိုတဲ့ စာအရမ်းတော်တဲ့ ကျောင်းသူကို မသိတဲ့သူ ရှိပါ့မလား။ ရင်းရင်းနှီးနှီး ဖြစ်အောင် Jiminလို့ပဲ ခေါ်မယ်နော်။ နင်ကတော့ Taehyungလို့ခေါ်ပေါ့"

"Jimin စားပြီးရင် သွားမယ်"

Jungkookက ဖြတ်ပြောလိုက်ပေမယ့် Jiminက ဂရုမစိုက်ပဲ...

"အဲ့လိုလဲ အဆင်ပြေတာပဲ။ ဒါနဲ့ နင့်ကို တစ်နေရာရာမှာ ရင်းရင်းနှီးနှီး မြင်ဖူး​နေသလိုပဲ

"ငါတို့က အခုမှ တွေ့ဖူးတာမှ မဟုတ်တာ Jiminရဲ့ မမှတ်မိတော့ဘူးလား"

"ဟင်..? အရင်က တွေ့ဖူးသေးလို့လား"

မျက်လုံးလေး ပြူးကာ အူကြောင်ကြောင်လေး မေးလိုက်တဲ့ Jiminကြောင့် Taehyung ပြုံးလိုက်မိသည်။

"ရုပ်ရှင်ရုံမှာလေ....ဝင်တိုက်မိတဲ့ တစ်ယောက်။ ထီးတောင် ငှားလိုက်သေးတယ်"

"အာ....သိပြီ....ငါနင့်ထီးတောင် ပါလာသေးတယ် ပြီးရင် ပြန်ပေးမယ်နော်"

"အဲ့ထီးကို ငါသွားပြန်ယူထားပေးလို့ ပြန်ပေးလို့ရတာနော် Jimin"

Jungkookဝင်ပြောတော့ Jiminက

"လွှင့်ပစ်လိုက်တာလဲ နင်ပဲလေ"

ထိုအခါမှ Jungkook ပြန်တိတ်သွားတော့သည်။ တကယ်လဲ ဟုတ်တာပဲ။ ဒီလိုမှန်းသိရင် ပြန်မယူပေးပါဘူး။ စိတ်တိုတိုနဲ့ နေနေတာ နဲနဲ ​ကြာတော့

"Jungkook ....... သွားကြမယ်လေ"

ဟိုတစ်ယောက် ထွက်သွားပြီထင်တယ်။ စတွေ့တွေ့ချင်းထဲက အချိုးမပြေတဲ့ကောင်။

~•𝖭𝖾𝗐 𝖱𝗎𝗅𝖾𝗌•~Where stories live. Discover now