𝟳🍒

2K 255 5
                                    

𝐹𝑜𝑟 𝑢𝑛𝑖𝑐𝑜𝑑𝑒

"Jung.... Jungkook"

" ......... "

"ဘာလို့ဒီလို...."

"ဒီတိုင်း.... ငါအတည်ပြုချင်ရုံလို့"

Jungkookရဲ့ စကားတစ်ခွန်းက Jiminရင်ကို ဓားနဲ့မွှန်းလိုက်သလိုပင် အရမ်းနာကျင်ရပါသည်။ Jungkookယူသွားတာက ကိုယ့်ရဲ့ First Kiss။ ကိုယ်ချစ်နေတဲ့သူက အခုလို လုပ်တော့ ရင်တော့ခုန်မိသည်။ ဒါပေမယ့် သူက အတည်ပြုချင်ရုံတဲ့လား။

"ဘာအတွက်လဲ"

"Jimin ငါက....."

"တော်တော့....Jungkook။ ငါနင့်ကို ပထမတစ်ခါထဲက အပြီးမေ့ခဲ့သင့်တာ အခုလိုလုပ်မယ်မှန်းသိရင် ငါအစထဲက အဲ့လိုပဲ လုပ်ခဲ့မှာ။ ငါကလေ အဲ့လောက်တောင် နင့်အတွက် တန်ဖိုးမရှိဘူးလား"

"Jimin ငါက အဲ့လိုသဘောမျိုးမဟုတ်ဘူး။ ငါကနင့်အ​ေပါ်ဒီတိုင်း ခံစားချက်ရှိလား သိချင်လို့ လုပ်မိရုံပဲ"

"အေးပါ။ ငါက နင့်အတွက်ဘာမှမဟုတ်ပါဘူး"

"Park Jimin!"

"ငါနင့်ကို မလိုဘူးJungkook။ ငါ့ဘဝလေးနဲ့ ငါ အေးအေးချမ်းချမ်းနေတော့မယ်"

Jimin Jungkookရဲ့ ေဖြရှင်းချက်ကို နားမထောင်ပဲ ထိုနားနေခန်းဘက်ကနေ ပြေးထွက်လာခဲ့တယ်။ မျက်ရည်တွေလည်း အဆက်မပျက်ကျလျက်......။

တကယ် မချစ်ခဲ့သင့်ဘူး။

"Jimin!"

အရှိန်နဲ့ပြေးလာခဲ့တာမို့ လမ်းမှာ Taehyungနဲ့ ဝင်တိုက်မိခဲ့တယ်။ Taehyungက Jiminငိုထားတာကို သတိထားမိသွားပုံပေါ်သည်။

"Jimin ဘာဖြစ်တာလဲလို့"

"ဖယ်ပါ Taehyung ငါသွားရဦးမယ်"

"ငါနဲ့လိုက်ခဲ့"

"ဖယ်ပါ"

Taehyungက အလျော့မပေးပဲ Jimin အားဆွဲခေါ်သွားတာကြောင့် Jiminလည်း မလိုက်ချင်လိုက်ချင်နဲ့ပါသွားရတော့သည်။

တောင်ပန်ပါတယ်။ ငါနင့်ကို သူငယ်ချင်းထက်မပိုနိုင်ဘူး ရုပ်ဆိုး။ ငါနင့်ကို သူငယ်ချင်းတစ်ယောက်လို အရမ်းချစ်တယ်။

အနမ်းချင်း ဖလှယ်ခဲ့ကြစဥ်က ရင်ခုန်ခဲ့တာကို မျက်ကွယ်ပြုကာ ကိုယ့်စိတ်ကို ကိုယ်တောင်ပြန်လိမ်နေတာမို့ သူများတွေအတွက်ပါ မုသားတွေ သုံးမိပြန်ဦးမယ်။

~•𝖭𝖾𝗐 𝖱𝗎𝗅𝖾𝗌•~حيث تعيش القصص. اكتشف الآن