𝟮🍒

2.4K 299 39
                                    

𝐹𝑜𝑟 𝑍𝑎𝑤𝑔𝑦𝑖

" မိုးကလဲ ဒီလို အချိန်မှ ဘာလို့ရွာရတာလဲ"

Jungkookတို့ စုံတွဲကြောင့် လူက ပူလောင်နေပါတယ်ဆို မိုးက ရွာချလိုက်တော့....ဟူး..။
သူများတွေသာဆို ခုချိန် အသဲကွဲရင် မိုးရေထဲလိုက်သွားရင် သွားနေမှာ မိ Jiကတော့ မျက်မှန်ကြီးနဲ့မို့ အဲ့လို မဖီးလ်နိုင်ဘူး။ ကိုယ့်ဒုက္ခကိုယ်ရှာသလိုပဲ ဖြစ်နေမှာပေါ့။

ဘုတ်..
မတော်တဆ လူတစ်ယောက်နဲ့ ဝင်တိုက်မိသွားသည်။

"တောင်းပန်ပါတယ် ရှင့်"

ကိုယ်ကပဲ စိတ်တွေ မငြိမ်တာမို့ အရင်တောင်းပန်လိုက်မိသည်။

"ဟုတ်ကဲ့ ရပါတယ်"

ဟူး..ဒီနေ့ တစ်နေ့လုံး အဆင်ကို မပြေဘူး။ ငါ့မျက်မှန်ရော ဘယ်ရောက်သွားပါလိမ့်။

ဟိုစမ်းဒီစမ်းနဲ့ မျက်မှန်အား ရှာနေသူ

ကိုယ့်လက်ထဲသို့ မျက်မှာ ထည့်ပေးလိုက်တာကြောင့် မော့ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်။

"ကျေးဇူးတင်ပါတယ်"

"ဟုတ်ကဲ့ ရပါတယ်။ ဒီက အဆင်ပြေရဲ့လား မသိဘူး။"

"ရှင်?"

"အော် မဟုတ်ပါဘူး။ မိန်းကလေး တစ်ယောက်ထဲ ညဘက်ကြီး မိုးတွေကလဲရွာနေတယ်လေ။ ထီးကလဲ မပါတော့။"

"အော်..ကျမ အဆင်ပြေပါတယ်ရှင့်"

"ကျနော့် ထီးယူသွားပါနော်"

"မဟုတ်တာ အားနာစရာကြီး။မယူတော့ဘူး ရပါတယ်"

"ရပါတယ်ဗျ ထီးလေးတစ်ချောင်းတွက်နဲ့ ။ပြန်မပေးလဲရပါတယ်"

Jimin လက်ထဲသို့ ထီးအား အတင်းထိုးပေးလိုက်သည်။

"သူက မယူဘူးဆိုမယူဘူးပေါ့!"

အသံမာမာ တစ်ခု ထွက်လာတာကြောင့် ငြင်းခုန်နေကြတဲ့ နှစ်ယောက် အသံလာရာသို့ ကြည့်မိလိုက်သည်။

"ရုပ်ဆိုး နင်ကရော အဲ့မှာဘာလုပ်နေတာလဲ။ လာပြန်မယ်။"

"အော်..အေး..သွားလိုက်ပါဦးမယ်နော်"

"အာ..ဟုတ်ကဲ့ ကောင်းကောင်းပြန်ပါ"

"သွားမယ်ဆိုတာကို ဘာတွေ အရစ်ရှည်နေတာလဲ"

~•𝖭𝖾𝗐 𝖱𝗎𝗅𝖾𝗌•~Nơi câu chuyện tồn tại. Hãy khám phá bây giờ