𝟭𝟴🍒

2K 213 8
                                    

𝐹𝑜𝑟 𝑢𝑛𝑖𝑐𝑜𝑑𝑒

"Sanbae.... ေဖြးဖြေးသွားပါဗျာ။ ကျွန်တော် မောလာပြီ"

"မောမောပေါ့...။ ရှင့်ကို ဘယ်သူလိုက်ခိုင်းနေလို့လဲ"

"ဟိတ် နေဦး..."

"လွှတ်စမ်း..."

Hyejinနောက်ကနေ ဆက်တိုက်လိုက်နေသည့် ဂျူနီယာကောင်ကို Hyejinတော်တော် ဒေါသထွက်နေမိသည်။ လိုက်ရုံတင်မကဘူး လက်ကိုပါလှမ်းဆွဲသည့် ဂျူနီယာကောင်က ဆေးကျောင်း ပထမနှစ်က ပန်းလေး Jung Hoseokပင်။

"ကျစ်....လူတွေ ကြည့်ကုန်ပြီ လွှတ်ပါတော့"

တောင်းတောင်းပန်ပန်နှင့်ပြောပေမယ့် ထို ဂျူနီယာကောင်က ခပ်ပြုံးပြုံးပင်။ ဒါကြောင့်ပင် Hyejinက ပိုလို့ ကြည့်မရဖြစ်ရသည်။ ထို Hoseok ဆိုသည့် တစ်ယောက်က Hyejinကို ဒုတိယနှစ်စစချင်းပင် ဖွင့်ပြောခဲ့ပေမယ့် လက်ထပ်မည့်သူ ရှိသည်ဟု ငြင်းခဲ့သည်ကြောင့် ထိုပန်းလေးခမျာ မျက်နှာလေးငယ်ကျသွားကာ သူမနောက် ဆက်မလိုက်တော့ပေ။

မနေ့ကမှ ပါတီမှာ တွေ့ကြပြီး Jungkookက တခြားမိန်းကလေးကို ခေါ်သွားတာတွေ့တယ်ဆိုပြီး Hoseokက ဆက်ပြီး လိုက်တော့တာပဲ။

"Noonaရဲ့ စေ့စပ်ထားတဲ့သူက ဖောက်ပြန်နေတယ်မှတ်လား"

ပထမနှစ်မှာ အရမ်းပွင့်လင်းတယ်လို့ ရေပန်းစားတဲ့ Hoseokဟာ Hyejinအတွက်တော့ သဘောကျစရာ မကောင်းပေ။

"သူများကိစ္စကို ဝင်မစွတ်ဖက်ပါနဲ့ Jung Hoseok-shi"

"ဟ...ဟ...Noonaက ဟုတ်တော့ နာနေတာပဲ"

" ......... "

"အဟင်း...ဟုတ်ပါပြီ။ ကျွန်တော်ပဲ အလျော့ပေးပါတယ်။ ကျွန်တော်က Noonaနဲ့ ငြိမ်းချမ်းချင်လို့ကို ရန်ဖြစ်လို့ ဘယ်ဖြစ်ပါ့မလဲ"

"ဟူး...."

"အတူတူ သွားမယ်လေ"

Hyejinနောက်က တစ်ကောက်ကောက်လိုက်သည့် ပန်းလေးကြောင့် Hyejin အတော်လေး စိတ်အနှောက်ယှက် ဖြစ်ပေဦးမည်။

🍒____________🍒

အေးအေးစိမ့်စိမ့်ခံစားချက်နဲ့အတူ Jungkookနိုးလာခဲ့သည်။ တစ်ကိုယ်လုံးလည်း ေညာင်းညာနေလေသည်။ ခန္ဓာကိုယ်အပေါ်ပိုင်းက လစ်ဟာနေသလို ခံစားချက်ကြောင့် Jungkook အောက်ကို ငုံ့ကြည့်လိုက်တော့.....ဟုတ်ပါရဲ့။ သူ ဆိုဖာပေါ်မှာ အိပ်ခဲ့ပါလား။ ဒါကြောင့် ဒီလောက် ကျောတွေတောင့်နေတာ။ အကျီ မရှိတာကတော့ မထူးဆန်းပါဘူး။ ဒါဟာ Jungkook နိုးလာတိုင်း အကျီက ကိ််ုယ်ပေါ်မှာ မရှိတာမို့ မထူးဆန်းပေ။

~•𝖭𝖾𝗐 𝖱𝗎𝗅𝖾𝗌•~Where stories live. Discover now