1

30.4K 1.8K 76
                                    

(Unicode)

Error တက်နေတာကြောင့် comma တစ်ခုကို ဖယ်ပြီး system ကို စ run ကြည့်တယ် ....

Your system is activated now ဆိုပြီး ပေါ်လာတဲ့စာသားလေးက အားရစဖွယ် ...

နောက်ဆုံးတော့ ရှောင်းကျန့်က လူတိုင်းအတွက်အဆင်ပြေစေမယ့် Application တစ်ခုကို ရေးဆွဲနိုင်ခဲ့ပြီ ....

နာမည်က Replika ...
လုပ်ပေးရမှာက လူတစ်ဦးတစ်ယောက်ရဲ့ AI partner အဖြစ်နဲ့ စကားပြောပေး chat ပေးနေရုံ ....
ဒါတင်မကပဲ ရှောင်းကျန့်က ပိုမိုသာလွန်တဲ့လုပ်ဆောင်မှုတွေကိုပါထည့်သွင်းပေးထားပါတယ် ....

Flirting နဲ့ suicidal thoughts controlling ...
အဆင့်သတ်မှတ်ချက်အလိုက် သွားပေမယ့် သေချာ run နိုင်သေးတာတော့ flirting ပဲရှိသေးတယ် .....

တအားအိပ်ချင်နေပြီဖြစ်လို့ laptop ရှေ့မှာပဲ ခေါင်းမှောက်အိပ်ချလိုက်တော့တယ် ....

ဒီညအတွက် သူတာဝန်ကျေပြီ ....

~~~~~~~

ဝမ်ရိပေါ်ဘဝမှာ ကြိုက်လိုက်တိုင်း အသည်းကွဲတာ ထုံးစံလိုဖြစ်နေပြီ ...

မိန်းကလေးတွေကိုကြိုက်တော့လည်း သူချေကိုယ်ချေနဲ့ ကွဲ ...

ယောကျ်ားလေးတွေကို ကြိုက်တော့လည်း ထိုနည်းတူစွာပါပဲ ....

ဝမ်ရိပေါ်ကိုက အလုပ်မဟုတ်တာကို သိပ်လုပ်ပါတယ် ....

အမှန်တော့ ရိပေါ်ကကွေးနေတာ ....
ကွေးမှန်းသေချာသိသွားတဲ့ညက သူကြိုက်နေတယ်လို့ ယူဆတဲ့ ကောင်လေးကို သွား flirt ပေမယ့် "Yes , Ofcourse , Thanks" သုံးလုံးပဲ ပြောနေတဲ့ ရိပေါ်ကို ဟိုဘက်ကကောင်လေးက ချဉ်သွားပါလေရဲ့ ....

"ဒီလိုဆိုရင် မင်း flirt နည်းတွေသင်ယူဖို့လိုတယ် .... နည်းနည်း အီစီကလီပေါ့ကွာ ...."

"မင်းသင်ပေးလေ ..."

စိတ်ပေါက်ပေါက်နဲ့ ဟောက်ရွှမ်းကိုအော်လွှတ်တော့ အဲ့ကောင်က သူ့ရည်းစား ကျိရန်ကောနားပြေးကပ်တယ် ....

အခုရောက်နေတဲ့ နေရာက bar တစ်ခုမှာ ...

အသည်းကွဲနေတဲ့ ရိပေါ်ကို ဟောက်ရွှမ်းကနှစ်သိမ့်ပေးရင်း bar ကိုခေါ်လာတာ ....

Replika (Completed)Where stories live. Discover now