(Unicode)
မနက်ခင်းနေရောင်ခြည်လေးက မျက်ပေတုံးလေးရိပေါ်ရဲ့ မျက်တောင်လေးတွေပေါ်ဖြာကျတယ် ...
နိုးပြီ ... နာရီကြည့်တော့ ကိုးနာရီ ...
စာမေးပွဲရက်တွေပြီးကတည်းက အတိုးချအိပ်မယ် စဉ်းစားတာ အခုတော့ အိပ်မရပြန်ပါဘူး ....
အိပ်ရာဘေးက ဖုန်းကို ယူပြီး မနက်တိုင်း အချိန်မှန်မှန် ရောက်လာတတ်တဲ့ message လေးကို စစ်ရတာလည်း အလုပ်တစ်လုပ်ပါပဲ ...
ကြည်ကြည်နူးနူး တစ်တီတူးတွေ မလုပ်တတ်ပေမယ့် ...
သိတယ်မလား ... ဒီလိုမလုပ်လည်း ဝမ်ရိပေါ်တို့က အကိုကြီး ချောချောလေးရှိပါတယ် ....
"Morning ရိပေါ် ...
မနက်ခင်းတိုင်းမှာ တိုးလာတာက နေ့အပူချိန်နဲ့ ကိုယ့်ရင်ထဲက အချစ်တွေပဲရှိတယ် ...
ထတော့ .. အပြင်သွားရမယ်လေ ..."တွေ့လား ...
ဒီလို တစ်တီတူး စကားလေးတွေပို့တတ်တဲ့အကိုကြီးကို သူ့အသည်းလေးပေးဖို့ သူမထိန်းနိုင်တာ မလွန်ပါဘူး ...
ဆွတ်ကတည်းက ညွတ်နေတဲ့ ရိပေါ်က ဖုန်းလေးကိုင် ခပ်ဖွဖွပြုံးပြီးမှ တစ်ခုခုကိုသတိရတယ် ....
"uhhhh ဆယ်နာရီ ချိန်းထားတာလေ ဒုက္ခပဲ ... မား !!! သားကိုလည်း မနှိုးဘူး ..."
အာပြဲကြီးနဲ့အော်တော့ မားက ထုံးစံအတိုင်း လေပြေအေးလေးပဲ ...
"မားနှိုးတယ်လေ ... သားက ယုန်ကြီး ယုန်ကြီး အော်ပြီး ပြန်အိပ်သွားတာလေ ...."
"အား ဒုက္ခပဲ ..."
ဝရုန်းသုန်းကားထရင်း ရေချိုးခန်းထဲဝင်တော့ မားက အပြင်ထွက်သွားတယ် ...
သွားတိုက်နေရင်းနဲ့ လုံးထွက်လာတဲ့ ပါးကို သူလုံးဝလုံးဝမကြိုက်ပါဘူး ....
ဒီဆံပင်ကေ ညှပ်ပြီးတော့မှ သူ့မှာ ဒီလိုပုံဖြစ်သွားရရှာတယ် ...
ဒါပေမယ့် ကိစ္စတော့မရှိပါဘူး ...
ကျန့်ကောလည်း ဒီလို ကေအတိုညှပ်ရင် သူ့လို ကလေးရုပ်ထွက်သွားမှာပါပဲ ...
ကိစ္စမရှိ ကိစ္စမရှိ ...
"သားရေ မြန်မြန်လုပ် ... မား ရေဘူးလေးတွေပြန်ထည့်ထားပေးတယ် ... သားကောင်လေးဆီသွားရင်ယူသွား ...."