(Unicode)
"Hello ... ဟောက်ရွှမ်းလား ...? ငါ့ laptop ညက ဘာဖြစ်သွားလဲ မသိဘူး ... ဖွင့်မရတော့ဘူး ..."
"......"
"ဆိုင်သွားတာကဟုတ်တယ် ... ဒီနေ့ ကျန့်ကောက application သွင်းပေးမယ်ပြောတယ် account ဆွဲတဲ့ဟာ ...အဲ့ဒါမင်း laptop လေး ငှါးဖို့ ..."
"....."
"အာ ... မင်းတို့လည်း design အချိန်ပါတာလား ..."
"....."
"အင်း အင်း ကျေးဇူးတင်ပါတယ် ..."
ဖုန်းကို စားပွဲပေါ်ချရင်း laptop ကိုတစ်ချက်ကြည့်ရတယ် ...
ညက server ကြာနေလို့ အိပ်ပျော်သွားတာ laptop တစ်ခုခုဖြစ်သွားပြီထင်ပါရဲ့ ....
ဟိုကြည့်ဒီကြည့် ကြိုးဆွဲဖြုတ် ကြိုးပြန်တပ်ရင်းနဲ့ပဲ အလုပ်များနေရတယ် ...
ရိပေါ်ဟာ ဒီပစ္စည်းတွေနဲ့ ပတ်သတ်ရင် တကယ်ကို ကံမကောင်းဘူး ...။
ဟောက်ရွှမ်း laptop မရရင် လော့လော့ဟာငှါးမယ်တွေးလိုက်ပြီးမှ မငှါးရက်ပြန်ဘူး ...
အဲ့ကောင်မလေးက website ပေါင်းစုံဝင်ထားတာ ...
တစ်ခါတစ်ခါ online learning နဲ့ BJ Alex သင်တန်းကို live တက်ရသေးတယ် ...
ပြီးတော့ Painter Of The Night ဆိုတဲ့ ပန်းချီသင်တန်းလည်း တက်နေသေးတယ် ....
ရိပေါ်ကိုပြောပေမယ့် ရိပေါ်ကလည်း ခပ်မေ့မေ့ရယ်နဲ့မို့ သင်တန်းမတက်ခိုင်းတော့တာဖြစ်မယ် ...
သင်တန်းတွေနဲ့ ရှုပ်နေတဲ့ လော့လော့ကို ခဏမေ့တော့ ခေါင်းထဲမှာ ကျန့်ကောပဲပေါ်လာပြန်တယ် ...
ကျန့်ကော laptop ပဲ သုံးရတော့မယ်ထင်ပါတယ် ....
~~~~~~
ဒီနေ့ study guide က နှစ်နာရီဝင်မယ်လို့ ပြောတော့ ရိပေါ်က အတန်းကို စောစောဆင်းရတယ် ...
ဒါက သူကျန့်ကောကို ချစ်နေမိတယ်လို့ သိပြီးမှ ပထမဆုံးတက်ရမယ့် အချိန် ...
စာကြည့်တိုက်နားမှာ computerized accounting စာအုပ်ထိုင်ရင်း စောင့်နေမိရင်းနဲ့ ...
သူ့ရဲ့ ကြွယ်ဝလာတဲ့ flirting skill ကို သူတွေးတယ် ....
ကျန့်ကောကို သူ့စကားတွေနဲ့ ရစ်ပတ်ချည်နှောင်ပစ်ရမယ် ...