10

8.5K 1.4K 87
                                    

(Unicode)

စာမေးပွဲနောက်ဆုံးနေ့ဟာ computerized accounting နေ့ဖြစ်ပါတယ် ....

"Stock လက်ကျန် မရှိရင် .... stock လက်ကျန် မရှိရင် ... ဘယ်က ဆွဲရမှာလဲ ... မမှတ်မိတော့ဘူး ...."

အခန်းဝမှာ စာအုပ်ကိုင်ရင်း ခေါင်းကုတ်လိုက် ငိုချင်လိုက်ဖြစ်နေတဲ့ ရိပေါ်ဟာ တကယ် စိတ်ပျက်ခြင်းတွေ ပြည့်နှက်နေတာ ...

စိတ်ညစ်တယ် စိတ်ညစ်တယ် ...

သူဒါမှ မအောင်ရင် ကျန့်ကောက အထင်သေးသွားမှာ ...

သူ့ကိုမချစ်တော့ရင် ဘယ်လိုလုပ်မလဲ ....

ရိပေါ်ကစိတ်ထဲကသာ ကြိုက်နေတာ အဖြေက ပြန်မပေးရသေးဘူး ...

စာမေးပွဲကျလို့ ထားသွားရင် ဘယ်လိုလုပ်ကြမလဲ ....

ရထားတဲ့ စာတွေကပါ ခေါင်းထဲကထွက်သွားပြီး ရှောင်းကျန့်ဆိုတဲ့ စာလုံးကို ဦးနှောက်ထဲမှာ ချရေးတယ် ....

ဒီနေ့ အအေးလည်း လာမထည့်ထားပေးဘူး ...

ကျန့်ကောက သူ့ကို ထားသွားပြီထင်ပါရဲ့ ....

စာအုပ်ကို ကိုင်ထားတဲ့ လက်က ချွေးတွေစို့လာတယ် ....

သူအောင်မှ ဖြစ်ပါမယ် ....

စာမေးပွဲတံခါးဖွင့်တော့ လွယ်အိတ်ကြိုးကို တင်းတင်းဆုတ် ဟန်ကိုယ့်ဖို့လုပ်ရင်း အထဲကို ဝင်တယ် .....

ထိပ်ဆုံးမှာ ထိုင်ပြီး laptop သုံးနေတာက ကျန့်ကောဖြစ်ပါတယ် ....

"ဒီနေ့တော့ study guide တွေပဲ စာမေးပွဲစောင့်ရမှာမလို့ ဒီအခန်း ကျွန်တော်တာဝန်ယူပါမယ် ... ရှောင်းကျန့်ပါ ..."

အတန်းထဲက queen နဲ့အပေါင်းအပါတွေကတော့ ဆံပင်လေးသပ်လိုက် ကျန့်ကောကိုကြည့်လိုက်လုပ်ကြတယ် ....

ဒါပေမယ့် ဘယ်တတ်နိုင်မလဲ ...

ကျန့်ကောက သူ့ကိုပဲ စိတ်ထဲရှိတာ တခြားသူတွေမသိဘူး ...

ဪ သနားစရာ ...

Bell တီးသံမြည်တာကြောင့် မေးခွန်းစာရွက်ကို ဖောက်ဖတ်တော့ ...

ဝမ်ရိပေါ် ဘဝ စမုံတုံးပြီဆိုတာ သိလိုက်ရပါတယ် .....

~~~~~~~

Replika (Completed)Where stories live. Discover now