(Unicode)
လက်ထပ်ပြီး လေးငါးဆယ်နှစ်ကြာ ....
ကျန့်ကောအသက် လေးဆယ် ...
ဝမ်ရိပေါ်အသက် သုံးဆယ့်လေး ....
ဗလနဲ့ တောင့်တောင့်တင်းတင်း ကိုကြီးရှောင်းက အခုထိ အရှက်မရှိ ....
ရေချိုးခန်းထဲကနေ သဘက်အတိုလေး ပတ်ပြီး အပြင်ထွက်လာတယ် ...
"ကျန့်ကောကဗျာ လုပ်ပြီ ..."
"သဘက်အကြီးက ရေကူးသွားလို့ ..."
"အရှက်မရှိဘူး တကယ် ..."
"အော် ... နံရိုးတွေထုတ်ပြထားတာလေ ... အခုမှသိတယ် နံရိုးက တစ်ချောင်းပျောက်နေတယ် ..."
"ကျိုးသွားတာလား ...."
"မဟုတ်ဘူး နံရိုးတစ်ချောင်းက ရိပေါ်လေ ...."
စိတ်လှုပ်ရှားမယ်ထင်နေလား ... နိုး နိုး ...
ညားပြီး ဆယ်နှစ်ကြာသွားတဲ့အခါ အရှက်သည်းမှုတွေလည်း ပျောက်ဆုံးကုန်တော့တာပဲ ...
ဟိုလူကြီးကသာ ပေါက်ကရတွေပြောတုန်း ...စိတ်ထဲကနေ ပွစိ ပွစိလုပ်ရင်း စားနေတဲ့ အသင့်စား hot pot အရည်ကို ရှုးကနဲသောက် နံနံပင်ကို ကိုက်ဝါးလိုက်တယ် ...
"ရိပေါ် ရိပေါ် ..."
"အင်း ..."
"နံနံပင်နဲ့ ကိုယ် .. ဘယ်သူ့ကို ရွေးမှာလဲ ..."
"အာ .... နှိုင်းစရာလား ကျန့်ကောကိုပဲပေါ့ ..."
လှည့်ပြီး အပြုံးကြီးကြီးကလည်း ပြုံးပြရသေးတာ ....
တစ်ခါကပေါ့ကွယ် ...
ဝက်ကလေးတစ်ကောင်က ကြက်သွန်ဖြူစားနေတုန်း ယုန်ကြီးက ကြက်သွန်ဖြူနဲ့ သူ ဘယ်သူ့ကို ရွေးစားမှာလဲ မေးတာ ...
ဝက်ကလေးက အတုံ့အဆိုင်းမရှိ ကြက်သွန်ဖြူလို့ ဖြေလိုက်ပါရောတဲ့ ....အဲ့ဒါနဲ့ ... ဘာဆက်ဖြစ်သွားသလဲ သိလား ...
.
.
.
.
.
.
.
.
.
ဝက်ကလေးက ညတိုင်းနီးပါး ယုန်ကြီးစားတာ ခံခဲ့ရသတဲ့ ...
ဝက်ကလေးခမျာ သနားစရာ ...အဲ့ပုံပြင်ကို ဝမ်ရိပေါ်ကကောင်းကောင်းသိတယ် ....
အဲ့တော့ ဘာဖြစ်ဖြစ် ကျန့်ကောပဲ ...
ဒါပုံပြင်ပါ ... မင်းတို့ တစ်မျိုးထင်နေမှာသိပေမယ့် ဒါသေချာတယ် ပုံပြင် ....
ဝက်ကလေးခမျာ တကယ်သနားစရာ ...