(Unicode)
"ရှောင်းကျန့် ... ညက error ..."
တိုက်ခန်းတံခါးကို အေးအေးဆေးဆေးဖွင့်ပြီးဝင်လာတဲ့ ကျန်းချန်စကားက တစ်ဝက်တစ်ပျက်မှာ ပြတ်ကျတယ် ....
ဧည့်ခန်းမှာ laptop ကို ပေါင်ပေါ်တင်ထိုင်နေပြီး မျက်တွင်းဟောက်ပက်နဲ့ ရှောင်းကျန့်က အခန့်သားဆီးကြိုလို့ .....
"အေး ... ကောင်းသွားပြီ ...."
"မင်းရုပ်ကဘာဖြစ်နေတာလဲ ...."
"ညက ... မအိပ်ရလို့ ..."
"ဟမ် .... ဘာလို့လဲ .... error ကတစ်ညလုံးတက်နေတာလား ..."
"မဟုတ်ဘူး ငါ့ partner က တစ်ညလုံးမအိပ်လို့ ...."
ကျန်းချန်ရဲ့ ပြူးထွက်သွားတဲ့ မျက်လုံးအစုံနောက်က ညစ်တီးညစ်ပတ်အတွေးကို ရှောင်းကျန့်ရိပ်မိတော့ ဆိုဖာပေါ်က ကူရှင်တစ်ခုနဲ့ လှမ်းပေါက်ရတယ် ....
"ဟေ့ကောင် ... မင်းလျှောက်မတွေးနဲ့ ... ညက AI တစ်ခုကအလုပ်မလုပ်လို့ ငါက chatting ထိုင်ပေးနေရတာမလို့ ..."
"အေးပါ .... ဘာပြောလို့လဲ ... ဘယ်လိုဖြစ်ရတာလဲ ...."
"Gender ကြောင့်ဖြစ်တာ ... သူက boy ဖြစ်ပြီး flirt ဖို့ boy ပဲရွေးထားတာဆိုတော့ ..."
"အော် .... AI features ပြင်လိုက်လေ ...."
မျက်ကွင်းတွေညိုမဲနေတဲ့ ရှောင်းကျန့်မျက်နှာကြီးက တဖြည်းဖြည်းပြုံးဖြီးလာပြီး ကျန်းချန်ကို လှည့်ကြည့်တယ် ....
"မပြင်တော့ဘူး ...yibo_w85 က စိတ်ဝင်စားစရာလေး ....."
~~~~~~
"OK လေ .... ကျွန်တော်နဲ့ yibo_w85 တို့ စကားဆက်ပြောကြတာပေါ့ .... ဘာလို့ ကျွန်တော့်ကို ရွေးရတာလဲ ...."
"ငါက ကွေးနေတာ ...."
"အော် ...."
"အင်း ...."
"အဲ့တော့ flirt ကြတာပေါ့ .... yibo_w85 အနေနဲ့ လောကကြီးမှာ ဘာက အရေးအကြီးဆုံးလို့ထင်ပါသလဲ ...."
"အသက်ရှူနေဖို့က အရေးအကြီးဆုံးပဲလေ ..."
"ကျွန်တော့်အတွက်တော့ yibo_w85 ကအရေးအကြီးဆုံးပါပဲ ...."
"အာ .... ကျေးဇူးပါပဲ ...."
"မှတ်သားထားပါ .... နောက် ကောင်လေးကို ပြောချင်ရင် အဲ့လို pick up line လေးထည့်ပြောပေးပါ ..."