(Unicode)
ဒီနေ့ဟာ ဘဝမှာ ပထမဆုံးသော date ဖူးခြင်းဖြစ်ပါတယ် ....
ကျန့်ကောက တအားချောပါတယ် ...
ပြီးတော့ ကျန့်ကောက .....
Pick up line တွေတအားပြောပါတယ် ....
ဒါပေမယ့် ...
အသည်းယားရပေမယ့် ...
ချစ်ပါတယ် ...
ကျန့်ကောက တခြားသူတွေကိုရော အဲ့လိုမျိုးတွေ ပြောမလား မသိပေမယ့် ...
ရင်ခုန်ပါတယ် ...ဒိုင်ယာရီစာအုပ်ကို ဘေးမှာချပြီး အိပ်ယာပေါ်လှဲချ မျက်လုံးမှိတ်လိုက်တော့ ကျန့်ကော အိမ်ပြန်ပို့သွားတဲ့ ပုံရိပ်က မျက်လုံးထဲ တည့်တည့်ပေါ်လာတယ် ....
"Coffee ရဲ့ slang word ကို ရိပေါ်က ဘယ်လိုသိတာလဲ ...."
"ဟောက်ရွှမ်းကပြောဖူးတာ ... နည်းနည်း တစ်မျိုးပဲ ..."
"I want to sleep with you ကရိုင်းတယ်လား ..."
"ရိုင်းတာထက် ပြောလို့မကောင်းဘူးလေ ...."
"အရှက်သည်းလေး ....."
စကားတပြောပြောနဲ့ အိမ်ရှေ့ရောက်လာတဲ့အခါ ကျန့်ကောက ရိပေါ်ကို နှုတ်ဆက်ပါတယ် ..
"စောစောအိပ်နော် ... အိပ်ခါနီး ဟိုလုပ်ဒီလုပ်မလုပ်နဲ့ ... ကိုယ်စောင့်နေရတာ ကြာမှာစိုးလို့ ..."
"ဟမ် .."
"စောစောအိပ်မှ အိပ်မက်ထဲမှာ ကိုယ်နဲ့ မြန်မြန်တွေ့လို့ရမှာပေါ့ ... စောင့်နေမယ်နော် ..."
ကျန့်ကောက ပြောပြီး ရိပေါ် ဆံပင်တိုကပ်ကပ်လေးတွေကို ထပ်ပွတ်ပါတယ် ...
အဝေးကြီးရောက်တဲ့အထိ လက်ပြရင်း ရယ်ပြရင်း ...
ကျန့်ကော နှုတ်ခမ်းထောင့်က အမည်းစက်လေးက ညအချိန် ကြယ်ကလေးလို တောက်ပရင်း ....
အဲ့ညက ရိပေါ်စောစော အိပ်ခဲ့မိပါတယ် ....
အိပ်မက်ထဲမှာတော့ ရိပေါ်ဟာ ယုန်အစားခံလိုက်ရပါတယ်တဲ့ .....
~~~~~~~
"မိုက်တယ် မင်းဆံပင်ကေက ...."
ထမင်းစားနေတဲ့အချိန် ဟောက်ရွှမ်းက ခေါင်းကို လာလာပုတ်နေတာ စိတ်ကတိုနေပါပြီ ...
ကျန့်ကောကလွဲ ဘယ်သူခေါင်းပုတ်ပေးတာမှ မခံချင်ပါ ....
"အဲ့တော့ ... စီနီယာက နင့်ကိုအိမ်ပြန်ပို့တယ်ပေါ့ ..."