Final

11K 1.4K 43
                                    

(Unicode)

"Hello ... သာ့ကျားဟောင် ... ဝေါ်ရှိ ဝမ်ရိပေါ် ... တစ်နည်းပြောရရင် ကျန့်ကောရဲ့ ချစ်ချစ်ကလေး ..."

"မင်းတကယ် ဘွဲ့အမှတ်တရမိန့်ခွန်းကို အဲ့လိုတက်ပြောရင် ငါတို့ တကယ်နားမထောင်ပေးဘူး ...."

"အေး ငါရောပဲ ..."

မိန့်ခွန်းပြောသဏ္ဍာန်လုပ်နေတဲ့ ဝမ်ရိပေါ်က ပါးကြီးဖောင်းလို့ ဆိုဖာပေါ်ထိုင်နေတဲ့ ရှောင်းကျန့်ကို လှမ်းကြည့်တယ် ...

"ရိပေါ်လေးကြိုက်သလိုပြော .. ကိုယ်က ဘယ်လိုဖြစ်ဖြစ်ကြိုက်တယ် ... ရိပေါ်ဖြစ်ရင်ကိုကြိုက်တယ် ...."

"ကျန့်ကောကလည်းဗျာ ..."

အချွဲပို အကဲပိုအတွဲကို တော်တော်လေးရွဲ့ချင်လာလို့ ဟောက်ရွှမ်းကထပြောတယ် ...

"ပြောပါလား ကျန့်ကောကယ်လို့ စာမေးပွဲအောင်လာတယ်ဆိုတဲ့အကြောင်း ..."

"အေးလေ အေးလေ ..."

လော့လော့ကပါ ဝင်ထောက်ခံတော့ ရှောင်းကျန့်ကရယ်တယ် ...

"ရိပေါ်က အကို့ကို ပိုင်ဆိုင်ရတာ ရှေးဘဝတွေက ကုသိုလ်အများကြီးလုပ်ခဲ့လို့ဖြစ်မယ် ... တစ်နည်းပြောရရင် ကုသိုလ်ထူးတာပေါ့ ...
ညီမလည်း ကုသိုလ်လုပ်လေ ...
နောက်ဘဝရရင်ရမှာပေါ့ ဘယ်ပြောလို့ရမလဲ ..."

"ကျန့်ကောကလည်း ... မပြောပါနဲ့ သူများကို ..."

"အင်း ... မပြောတော့ဘူး ..."

လော့လော့ဆဲသံနဲ့ ဟောက်ရွှမ်းရယ်သံ ...
ရိပေါ်အပြုံးတွေနဲ့ ရိပေါ်ဆံပင်တွေကို ငုံ့နမ်းနေတဲ့ ကျန့်ကောရဲ့ အနမ်းတွေ ...

ဆယ်ကျော်သက်ဘဝမှာ ကျန့်ကောကတော်တော်နေရာယူထားခဲ့တာ ....

တစ်သက်လုံးစာ သိမ်းယူစေဖို့အတွက်ကိုတော့ ရိပေါ်က ရေလာမြောင်းပေးလုပ်ပါတယ် ....

~~~~~~

နေ့တွေက လကိုပြောင်းတယ် ...
လတွေက နှစ်ကိုရွေ့တယ် ...

နံရံထက်မှာ ရိပေါ်ဘွဲ့ယူတဲ့ပုံကနေ မဟာတန်းတက်လို့ လက်ထပ်ကတိသစ္စာပြုတဲ့ပုံအထိ ...

စစ်ထွက်ကေနဲ့ အကိုကြီးရယ် ...

စစ်ထွက်ကေနဲ့ ဝမ်လုံးလုံးရယ် ...

Replika (Completed)Where stories live. Discover now