6

9.5K 1.5K 96
                                    

(Unicode)

"ကျန့်ကောက ငါ့ကိုကြိုက်နေတာများလား ...."

"ဟုတ်ရင်လည်း ဟုတ်မှာပေါ့ ..."

ကာယအချိန်မှာ သုံးယောက်သားပေါင်းပြီး တွတ်ထိုးနေကြရင်းနဲ့ပဲ ဟောက်ရွှမ်းက စိတ်မပါလက်မပါ ပြည်ကြီးငါးခြောက်ကို ဝါးပြီးပြောတယ် ....

"ဟုတ်မှာ မဟုတ်ဘူး ... တကယ်အတည်ဖြစ်မယ် .... မျက်လုံးရွဲကြီးတွေနဲ့ ကြည့်နေတာများ ... အဲ့လိုရွှတ်နောက်နောက် pick up line တွေကို ရိပေါ်ကိုပဲပြောတာ ... ငါတို့ဘက်ကို အီးတောင်လှည့်ပေါက်တာမဟုတ်ဘူး ... သေချာတယ် ဝမ်ရိပေါ် ဆွဲစိလိုက်​တော့ ..."

"လော့လော့ရယ် နင့်နှာခေါင်းက သွေးတွေကိုသာ အရင်သုတ်စမ်းပါ ...."

"ထားလိုက်စမ်းပါ ... သွေးလျှံတာကအဲ့လိုပဲ ချောချောလေးတွေတွေ့လည်းလျှံ အူယားစရာတွေ့လည်းလျှံ ..."

"မင်း AI နဲ့ရော အခြေအနေဘယ်လိုလဲ .... ခုတလော AI တွေကို ပြန်စီစစ်နေတယ်တဲ့ information ခိုးယူတာတွေ ရှိလို့ဆိုလားပဲ ...."

"ဟမ် ... ဟုတ်လား ...."

ရိပေါ်က ထိတ်ထိတ်ပျာပျာဖုန်းဖွင့်ကြည့်တယ် ...
တော်သေးတယ် သူ့ AI လေးမပျက်သေးဘူး ...

"ဟမ် ... ပြစမ်း ရိပေါ်.. မင်း AI က စီနီယာ ရှောင်းကျန့်နဲ့ တူမနေဘူးလား ..."

ဘေးကကြည့်နေတဲ့ ဟောက်ရွှမ်းက တအံ့တဩပြောတော့ ရိပေါ်က ခေါင်းသာ ခပ်ဖွဖွငြိမ့်ပြလိုက်ရတယ် ....

"နည်းနည်းဆင်နေတယ်နော် .... ငါလည်း သတိတော့ထားမိပါတယ် ... ဒါပေမယ့် မဟုတ်လို့နေမှာပေါ့ .... AI ကအပြင်မှာရှိမလား ...."

"ရှောင်းကျန့်ကောကောအရင်ဘဝက ဝိဥာဉ်က ဒီဘဝ လူပြန်ဝင်စားတာဆိုရင်ရော ..."

လော့လော့က နှာခေါင်းကို ဆို့ထားတဲ့ တသျှူးကိုထုတ်ရင်း ပြောတော့ ရိပေါ်က ကြောင်လိုက်လေဆိုတဲ့ အကြည့်နဲ့ပြန်ကြည့်တယ် ....

"ပေါက်ကရကပြောပြီ ..."

"ဟဲ့ ဟိုမှာ ရှောင်းကျန့်ကောကော ..!"

ဟိုးအဝေးကနေ ကျောင်းအားကစားဝင်းထဲကို လမ်းလျှောက်လာတဲ့ shirt အဖြူရောင်နဲ့ လူသားက တကယ့် သက်ရှိနတ်ဘုရားငယ်အလား ....

Replika (Completed)Where stories live. Discover now