(Unicode)
အရမ်းမိနေတဲ့ chemistry တွေက စာကြည့်တိုက်မှုးကြောင့် တိကနဲ ဖြတ်ခံလိုက်ရပြန်တယ်...။
"ဒီမှာ ကွန်ပျူတာခန်းသော့ ရှောင်းကျန့် ...ညနေလေးနာရီအထိနော် ..."
"ဟုတ်ကဲ့ ဦးလေး ..."
စီနီယာက ရုပ်ချောသဘောကောင်းတဲ့အပြင် အသံကလည်း ကြည်လင်နေရောပဲ ....
ရိပေါ် နားရွက်ဖျားလေးတွေကတော့ ခပ်ရဲရဲ ....
"လာ ... အပေါ် တက်ကြမယ်လေ ..."
"ဟုတ်ကဲ့ ..."
"ဒါနဲ့ မင်းနာမည် ကိုယ်မေ့သွားပြန်ပြီ ...."
"ကျွန်တော့်နာမည်က ..."
"Mine လို့ခေါ်လို့ရတယ်မလား ...."
"ဗျာ ...."
ပြူးဝိုင်းသွားတဲ့ မျက်လုံးအစုံနောက်မှာ ရှောင်းကျန့်ရဲ့ မြတ်နိုးခြင်းတွေ ခပ်ဖွဖွ ငြိတွယ်တယ် ...
yibo_w85 ကအပြင်မှာ သိပ်ချစ်ဖို့ကောင်းတာပဲ ....
"ဟားဟား ... Mine လို့ခေါ်တာလည်း မဆိုးဘူးမလား ... ကိုယ့် junior မလို့ခေါ်တာပဲဟာ ...အကို ခေါ်ချင်သလိုခေါ်လို့ရပါတယ် ... အဟမ်း ...."
အရှက်ပြေပြောတဲ့စကားလုံးတွေအောက်မှာ ရိပေါ်ရှက်စိတ်က ပြားပြားဝပ်နေပြန်တော့တယ် ...
စီနီယာအကြည့်တွေက သိပ်စူးရဲတယ် ....
သူစီနီယာကို သတိထားရမယ် ....
တစ်ချက်တစ်ချက် စိတ်ထဲမယ်တော့ စီနီယာဟာ သူ့ AI လိုပဲ ...စကားပြောကောင်းပါတယ် ...
~~~~~~~~
ရိပေါ်ထိုင်ရတဲ့ computer ခုံက ပြတင်းတံခါးကိုဖြတ်လို့ နေရောင်ပြောက်ပြောက်ကျတဲ့နေရာဖြစ်တယ် ....
ရိပေါ်ရှေ့တည့်တည့်မှာထိုင်နေတဲ့ စီနီယာကိုလည်း နေရောင်က လှလှပပ ပံ့ပိုးပေးနေတော့တာ ....
"ရလား ရိပေါ် ... Ledger ဆောက်ပြီးပြီလား ...."
"ဟင် ... အင်း ... ဟုတ် .... ဒီမှာရပြီ ...."
"အဲ့ဒါဆို စာရင်းစသွင်းရမယ် ...."
စီနီယာကထလာပြီး ရိပေါ်အနောက်မှာ မတ်တပ်ရပ်တဲ့အချိန် နှလုံးရပ်သွားတယ်လို့တောင်ခံစားလိုက်ရပါတယ် ...