(Unicode)
ဒီကနေ့ဟာ Christmas နေ့ ...မဟုတ်ဘူး Christmas နားနီးတဲ့ တစ်နေ့နေ့ ....။
ရိပေါ်ဟာ အစောကြီးနိုးလာခဲ့တယ် ....။
ဘေးကိုကြည့်တော့ ကျန့်ကောမရှိ ...။"အဖိုးကြီး ...! အဖိုးကြီး ....!"
အသံအကျယ်ကြီး အော်ခေါ်နေပေမယ့် ပြန်ထူးသံလည်း မကြားရတော့ ရိပေါ်အိပ်ရာကနေထလာခဲ့တယ် ...။
အဖိုးကြီးကဘယ်သွားပြန်တာလဲမသိပါဘူး ...။
အသက် ငါးဆယ့်ငါး ကျော်နေပေမယ့် ဖြတ်တုန်းလတ်တုန်း ကျန့်ကောက သူ့အလုပ်ကိုဆိုလည်း ရွှတ်ကနဲ ရောက်သွားတတ်တာပဲ ...။
သူကသာ ခါးနာလိုက် ခေါင်းကိုက်လိုက်နဲ့ ...။သွားတိုက်ပြီး ခြံဝက သတင်းစာကို ထွက်ယူတော့ ဘေးခြံကနေ bell သံခပ်လွင်လွင်ကလေးကိုကြားလိုက်ရတယ် ...။
ရိပေါ်အသက်ဟာ တိတိကျကျပြောရရင် ငါးဆယ်ဖြစ်နေပြီ ...။
လူကြီးအရွယ် ကူးပြောင်းကာစမို့ စပ်စုချင်တာထက် သိချင်တဲ့ စိတ်နည်းနည်းပေါ်လာတာကြောင်း ဘေးခြံဝကို လှမ်းကြည့်တော့ ..ဘုရားရေ ... နည်းတာမဟုတ်တဲ့ frangipani ပန်းတွေ ...။
ဘေးကကြည့်တဲ့သူတောင် အံ့ဩသွားတာ ကောင်လေးက ပိုလို့ အံ့ဩတယ်ထင် ..။
ပါးစပ်ကလေးအဟောင်းသားနဲ့ ...။ခေတ်လူငယ်ကလေးတွေများ romantic ဆန်တတ်လိုက်တာ ...။
သူ့အဖိုးကြီးကတော့ ....
အင်း ... သူ့အဖိုးကြီးကလည်း တစ်ခေတ်တစ်ခါက romantic ဆန်ခဲ့တဲ့ ဘဲကြီးပါပဲ ...။
Pick up line တွေနဲ့ ကြွေအောင် ခြွေတဲ့ဘဲကြီးပေါ့ ...။တစ်ဖက်ခြံက frangipani ပန်းနံ့တွေက ရိပေါ်တို့ခြံအထိ ပျံ့နှံ့လာတယ် ..
အရမ်းကို မွှေးနေတော့တာပဲ ...။သတင်းစာယူပြီး အိမ်ထဲပြန်ဝင်တော့ စားပွဲပေါ်မှာ ကျန့်ကောပြင်ခဲ့တဲ့ မနက်စာကိုတွေ့ရတယ် ...။
တိမ်ပုံစံ Sticky note လေးက ကပ်လျက်သား ...။"ကိုယ့်အချစ်က မနက်စာမလွတ်မှ ကိုယ်က ညစာစားရမှာပေါ့ ...
တစ်မျိုးမထင်ပါနဲ့ အချစ် ... dinner ညစာကိုပြောတာပါ ... ညထက်နက်တဲ့ ညစာကတော့ ကိုယ်တို့အရွယ်မလိုတော့ဘူးမလား ...
ဒါက စကားဦး ...
အချစ်ကြိုက်တဲ့ နံနံပင်ဒိန်ချဉ်နဲ့ နံနံပင် စပါကတီ ...
ကောင်းကောင်းစားပါ ... ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေပါ ထည့်ချက်ထားတော့ အချစ်ဗိုက်ဝမှာ ..."