4

9.7K 1.6K 51
                                    

(Unicode)

ဒုတိယ semester မှာ Yibo ဘဝက အဆိုးဆုံးအခြေအနေရောက်သွားပြီလို့ ခံစားလိုက်ရတယ် ....

"အဲ့လိုကြီး မျောက်မှိုင် မှိုင်မနေပါနဲ့ ဝမ်ရိပေါ်ရယ် ..... အချိန်တန် နွားပိန်ကန်ပါလိမ့်မယ် ..."

"ဟဲ့ ... ဟောက်ရွှမ်း နင်ကလည်း သူများကို ..."

ဘေးမှာ လော့လော့နဲ့ ဟောက်ရွှမ်းတွတ်ထိုးနေတာကြားလည်း သူအာရုံမစိုက်နိုင်ဘူး ....

Textbook တွေထုတ်လာရင်းနဲ့ ဒီနှစ်အတွက်သင်ရမယ့် ဘာသာရပ်တွေထဲမှာ computerized accounting ဆိုတာကြီး မြင်တော့ ထိုင်ငိုချင်စိတ်ကို ပေါက်လာတော့တာပဲ ....

မုန်းစရာ computer ...
မုန်းစရာ IT ခေတ် ....

အော် မေ့လို့ ...

သူချစ်တဲ့ သူ့ AI လေးမပါဘူး ....

အဖြေတောင်မပေးရသေးတဲ့ သူ့ AI လေးကို မုန်းစရာလား ....

ခေါင်းထဲမှာတော့ အတွေးတွေဗျာများနေတဲ့ ရိပေါ်က computerized accounting စာအုပ်ကို ထိုင်ကြည့်နေတုန်းပဲ ....

"ဒီတစ်ခေါက်က ဆရာပင်စင်ယူသွားပြီဆိုတော့ senior တွေက guide သဘောမျိုးနဲ့ပဲ သင်ပေးမှာတဲ့ ...

"ဟမ် .... သေပြီပေါ့ ... ငါကဆရာသင်ရင်တောင် ဘာမှလိုက်မမှီတာလေ ... သေပြီ"

ခေါင်းထဲက AI အတွေးကို ခဏဖယ်ပြီး ရိပေါ်က ညည်းတယ် ....

ပြီးတော့ ချက်ချင်းဆိုသလို ဖုန်းထုတ်ပြီး တိုင်တန်းနေကျ 1005 ဆီစာပို့လိုက်တယ် ....

"စိတ်ညစ်နေပြီ ...."

~~~~~~~

ကုမ္ပဏီကနေ ကျောင်းကိစ္စကြောင့် လစာဝက်ခွင့်ယူပြီး ကျန်းချန်က သူ့အိမ်ကိုပြန်တယ် ....
ရှောင်းကျန့်ကတော့ ကျောင်းဘက်သွားဖို့ စာအုပ်နဲ့ lap top ကိုသိမ်းနေရင်းနဲ့ ဖုန်းက notification သံထမြည်တယ် ....

"စိတ်ညစ်နေပြီ ...."

"ဘာများဖြစ်လို့လဲ ပါးဖောင်းကလေးရဲ့ ...."

အဲ့လိုပို့လိုက်ချင်ပေမယ့် AI တွေကအဲ့လိုမပို့ဘူးလို့ ကောင်လေးကသိထားမယ်ထင်တာပါပဲ ...

"ဘာများဖြစ်လို့လဲ yibo_w85 ရဲ့ ...."

"စာလေ ... စာမရပါဘူးဆိုမှ ... senior guide နဲ့သင်ရမယ်တဲ့ ..."

Replika (Completed)Where stories live. Discover now