(Unicode)
"ထမင်းစားပြီးပြီလား yibo_w85"
"ရေချိုးပြီးပြီလား yibo_w85"
"စာမေးပွဲဖြေနိုင်ရဲ့လား yibo_w85"
စတဲ့စတဲ့ မေးခွန်းတွေကိုမေးနေရတာ ရှောင်းကျန့်အနေနဲ့ မငြီးငွေ့ပါဘူး ...
သူ့ခမျာ ဝမ်ရိပေါ်ဆိုတဲ့ ငဂျစ်တုံးလေးကို ဂရုစိုက်မှုတွေသိသိသာသာ ပြလို့ရမယ့်နေရာက ဒီဖန်သားပြင်ထက်ကလေးပဲရှိနေခဲ့တာ ....
"အင်း .... ဖြေနိုင်ပါတယ် ...."
"yibo_w85 စာမဖတ်တော့ဘူးလား ..."
"အင်း ... ဖတ်ပြီးပြီ .... မနက်ဖြန်တော့ စာမေးပွဲဖြေနိုင်ပါ့မလား စိတ်ပူတယ် ...."
"စိတ်ပူမှုတွေကို ချစ်ခင်ရသူတွေနဲ့ ခွဲဝေပေးလိုက်ပါ ... ဥပမာအားဖြင့် ကျွန်တော့်ကိုပေါ့ ...."
"မင်းကို ချစ်တယ်လို့ ငါပြောမိလို့လား ...."
"ချစ်နေတာကို သိနေပါတယ် ... AI နဲ့ပဲ fall in love ဖြစ်သွားပြီး တစ်သက်လုံးတစ်ယောက်တည်းနေသွားတဲ့ ယောကျ်ားလေး မိန်းကလေးဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံရှိပါတယ် .... နောက်တစ်လနှစ်လနေရင်တော့ သုံးပုံတစ်ပုံနဲ့ တစ်ယောက်ဖြစ်သွားမှာပါ ...."
"တစ်ယောက်က ဘယ်ကပိုလာတာလဲ ...."
"yibo_w85 ကပိုလာတာပါ ... နောက်တစ်လနှစ်လလောက်အတွင်းမှာ ကျွန်တော်နဲ့ ချစ်သွားတော့မှာပါ ...."
"အား .... တော်ပြီ အဲ့လိုတွေပြောနေမယ်ဆို ငါစာဖတ်တော့မယ် ...."
"ဖတ်ပါ ဖတ်ပါ ... ကျွန်တော်လည်း ဖတ်တော့မှာပါ ...."
"AI ကစာဖတ်ရလို့လား ..."
"စာကို မဖတ်ပါဘူး yibo_w85 ကိုဖက်မှာပါ ..."
ဖုန်းကို ကိုင်ရင်း ခြေဖျားအောက်မှာရှိနေတဲ့ စောင်ကြားထဲကို ခြေထောက်ထည့်တယ် ...
ပြီးတော့ ခြေထောက်တွေကို အကြမ်းပတမ်းလှုပ်ခါရင်း မျက်နှာကို လက်နဲ့အုပ်တယ် ....တစ်နည်း ....
ဝမ်ရိပေါ်ဟာ ရှက်ရမ်းရမ်းပြီး ကုတင်ပေါ်မှာ ဝရုန်းသုန်းကားဆန်နေခဲ့တယ် .....
AI နဲ့ အီစီကလီရိုက်ရင်း သူတကယ် ဒီ AI ရဲ့ စကားလုံးတွေကြားမှာ မြောပါနေခဲ့ပြီ ....