Chapter 1

1.3K 50 0
                                    

Unicode;

ဒီနေ့မနက်အစောကြီး ကျွန်တော်အိမ်ငယ်လေးထဲမှာ အသံတွေ စုံနေတာဘဲ ဖစ်ရမယ်လေ။ဒီနေ့က ကျွန်တော်တက္ကသိုလ်ဝင်တန်း အောင်တဲ့နေ့။
တစ်ရွာလုံး ပျော်နေကြတာ။
တစ်ရွာလုံးက ချီးမြောက်ကြတယ်။

" jiminiee လေးက တော်လိုက်တာ"

"သူ့အဖေကတော့ပျော်နေတော့မှာဘဲ"

"သူ့အမေသာရှိသေးရင်ဘယ်လောက်ပျော်နေလိုက်မလဲ "

တကယ်လည်း ပြောနေကြမည်ပေါ့။ကျွန်တော်ဆိုတဲ့ Park Jimin ကလည်း တစ်ရွာလုံးရဲ့ခရာလေး
ကလေးအစ ခွေးအဆုံး အကုန်သိ Jiminiee , Chim Chim စတဲ့ ချစ်စနိုး နာမည်တွေနဲ့အခေါ်ခံနေကြပေါ့။ ထပ်စောင်းပြောရရင် ကျွန်တော် ဖေဖေရဲ့အသည်းနှလုံးလေး ။
ဒီနေ့လည်း ဖေဖေ အတွက်ဂုဏ်ဆောင်ပေးနိုင်ခဲ့ပြီ
အဲ့ မေမေသာရှိသေးရင်ဘယ်လောက်ကောင်းလိမ့်မလဲ။ အင်း ဒီလို အတွေးမျိုးက ကျွန်တော် ၁၄ နှစ်သား အရွယ် မေမေ ဆုံးပြီး ကတည်း က တွေးနေကြ။ ထားပါလေ။ အခုတော့ ကျွန်တော့်တ်ို့ ရွာကျောင်းလေးကနေ ၆ ဘာသာ ဂုဏ်ထူး နဲ့ ကျွန်တော် အောင်မြင်မှုတွေ ရလာခဲ့ပြီဘဲ။

ဟောကြည့်ပါဗျာ။ ကျွန်တော်ရဲ့ ချစ်ဖေဖေ မျက်ရည်တွေ ကျနေလိုက်တာ အပျော်လွန်နေတာဘဲ။
မျက်ရည်ဥလေးတွေ တွဲလွဲ ခိုနေတဲ့ မျက်နှာလေးနဲ့ ကျွန့်တော် သတင်းလာမေးကြတဲ့ မိတ်ဆွေ အစုစု တို့ကို ဧည့်ခံနေလေရဲ့။ မိတ်ဆွေတွေဆိုလို့မှ အိမ်ငယ်လေးရဲ့ နေရာတိုင်းမှာ လူတွေ အပြည့်
ပေါင်းသင်း ဆက်ဆံရေး ကောင်းတဲ့ ဖေဖေ ရယ်
ချစ်မွှေးပါပြီး ထူးချွန်တဲ့ ကျွန်တော်ရယ် ပြည့်စုံလိုက်တာဗျာ။​ဆင်းရဲတာကလွဲလို့ ကျွန်တော် ဘဝမှာ သူငယ်ချင်း,ပညာရေး,ဆရာတွေရဲ့ အရေးပေးခံရမှု,ထပ်ပေါင်းပြောရရင် ရုပ်ရေအရပါ ကျွန်တော်ဆိုတဲ့ Park Jimin က ပြည့်စုံတာဗျ။
အော် ထပ်ပြောရရင် ကျွန်တော်က လိုချင်တဲ့ အရာမှန်သမျှ ကို အကွက်ချချ နဲ့ လုပ်ယူတတ်လေ့ရှိတယ်။ ဒါကလည်း ကျွန်တော့်ကို ပညာရေးမှာ အောင်မြင်စေခဲ့တဲ့ သော့ချက်လေးပေါ့။

"Park Shin Woo ၏သားဖစ်သူ Park Jimin သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကို ၆ ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ပါ သဖြင့် ဆုလက်ခံပေးပါရန် ဖိတ်ခေါ်အပ်ပါသည်"

Your Eyes Tell Where stories live. Discover now