📌Don't be serious,It's just a fanfic.နာကျင်မှုဆိုတာ ဘယ်လိုအရာမျိုးကိုပြောတာလဲ။
စိတ်နာကျင်မှုလား၊ ခန္တာနာကျင်မှုလား။ဒီနှစ်ခုထဲကတစ်မျိုးမျိုးတော့ဖြစ်ပါလိမ့်မယ်။ကဗျာတစ်ပုဒ်ကို ထယ်ရယ်ကြားဖူးတယ်။
မြှာတစ်စင်းကိုလေထဲပစ်လိုက်ပေမဲ့
ဘယ်နေရာကို ဦးတည်းပြီး ထိုးစိုက်သွားလဲ မသိဘူး။
နှစ်တွေအကြာကြီးနေမှ အဲ့မြှားချွန်ဟာ ပင်စည်တစ်ပင်မှာ စိုက်နေတာပဲ။ဒီလိုပါပဲ..ရစ်ခီအတွက်ဘာမှမဟုတ်တဲ့ စကားလုံးတွေက ထယ်ရယ်အတွက်တော့ ရင်နာစရာ စကားစုတွေဖြစ်ခဲ့တာ ဒီနှစ်နဲ့ဆို အနှစ်နှစ်ဆယ်ကျော်လောက်ရှိမယ်ထင်တယ်။
နာကျင်စရာစကားစုတွေကို ရင်ဝယ်ပိုက်ပြီးနေခဲ့တဲ့ ထယ်ရယ်ဟာ မထုံတတ်တေးဖြစ်သွားတာလား။ ဒါမှမဟုတ် ရစ်ခီ့ထိုးနှပ်တဲ့စကားလုံးတွေကို ကာကွယ်ဖို့ ထုံဆေးတစ်မျိုးကို အမှီပြုနေတာလား ဆိုတာ ထယ်ရယ်ကိုယ်တိုင်သာ သိပါလိမ့်မယ်။
ချွမ်ရွေ့ လို့ခေါ်တဲ့ ရှန်အိမ်တော်က ရစ်ခီလေးဟာ အရမ်းကိုဆိုးပါ၏။
"ဒါဘယ်သွားဖို့လဲ ကင်မ်ထယ်ရယ်"
ခြံတံခါးကိုဖွင့်နေတဲ့ ထယ်ရယ်ကို ရစ်ခီက အိမ်တံခါးဝကနေ မာန်အပြည့်ပါတဲ့လေသံနဲ့ မေးလိုက်တော့
"ကျောင်းသွားမလို့၊ မင်း ငါ့ကိုခိုင်းစရာရှိလို့လား"
"ဟုတ်တယ်..၊ဒီကိုလာခဲ့"
လက်ယက်ကာ ခေါ်လိုက်တဲ့ ရစ်ခီဟာ ရှန်အိမ်တော်က သခင်လေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ညီတယ်။
"ဒါဘာတွေလဲ ရစ်ခီ"
"မြင်တာနဲ့ မဖတ်တတ်ဘူးလား"
ရစ်ခီက ထယ်ရယ့်ကို စုတ်သပ်ကာ မကြည်တဲ့ လေသံနဲ့ ပြန်ပြောလိုက်တယ်။
ထယ်ရယ်ကသူ့လက်ထဲက စာရွက်အပိုင်းအစရှည်ကို ဖတ်ကြည့်ပြီး မူးမေ့ချင်သွားတယ်။
