B4tCM (1)

1.8K 134 0
                                    

၂၀၁၇ ခုနှစ် စက်တင်ဘာလ။
စပိန်နိုင်ငံ မက်ဒရစ်မြို့။

စက်တင်ဘာလအတွင်းသို့ ရောက်လာသည်မို့ မက်ဒရစ်မြို့၏အငွေ့အသက်သည် ဆောင်းဦးအငွေ့အသက်သို့ ပြောင်းလာသည်။ မနက်ခင်း၏ အလင်းရောင်ထွက်လာသော်လည်း နေမင်းကိုမူ မတွေ့ရသေး။ လမ်းမပေါ်တွင် လူများ၊ ယာဥ်များ ဥဒဟို သွားလာနေကြသည်။ ပြတင်းတံခါးနားတွင် အတောင်ပံသံတခတ်ခတ်ဖြင့် လာနားလိုက် ပျံလိုက် လုပ်နေသော ခိုငှက်ကြောင့် Tiffany နိုးလာသည်။

ဘေးမှလူကို မကြည့်အား၊ Tiffany ၏ ခြေလှမ်းများသည် ပြတင်းတံခါးဆီသို့ ဦးတည်သွားသည်။ ပြတင်းတံခါးကို ဖွင့်ပြီး လေကို တစ်ဝကြီးရှူသွင်းလိုက်သည်။ ဤမက်ဒရစ်မြို့တွင် Tiffany တက္ကသိုလ်တက်၊ ဘွဲ့ရပြီးနောက် သည်မြို့သို့သာ တဖန်ပြန်လာပြီး အ‌ခြေချနေထိုင်သည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သော်လည်း မက်ဒရစ်မြို့၏အလှသည် Tiffany ကို အမြဲအံ့အားသင့်စေသည်။ ခေတ်ဟောင်း ခေတ်ပေါ် အဆောက်အအုံအမြင့်များ၊ သွားလာလှုပ်ရှားနေသည့်လူများ၊ ပန်းခြံ၏‌ ရေပန်းအနားတွင် အုပ်လိုက်အစာရှာနေကြသော ခိုငှက်များ အစရှိသဖြင့် မြင်ကွင်းအစုံသည် Tiffany အား မျက်တောင်ခတ်ရန်ပင် နှမြောစေသည်။

"ဟန်နီ အေးတယ်လေကွာ။ ပြတင်းပေါက် ဘာလို့ ဖွင့်ထားတာလဲ။" ကုတင်ပေါ်မှ အပေါ်ပိုင်းဗလာကျင်းထားသော အမျိုးသားသည် မျက်လုံးအစုံကို မဖွင့်ချင် ဖွင့်ချင်နှင့် Tiffany အား စကားလှမ်းဆိုသည်။

"Johnny ကိုယ် ဒီနေ့ တစ်ယောက်တည်း အချိန်ဖြုန်းချင်တယ် ရမလား။ မနက်စာတော့ ကိုယ်ပြင်ပေးခဲ့မယ်။"

Tiffany သည် ကိုရီးယား အမေရိကန် ကပြားဖြစ်ပြီး ဖခင်မှာ ယခု ကိုရီးယားတွင်နေထိုင်နေသည်။ ပညာတော်သင်ကို စပိန်နိုင်ငံကို ရွေးချယ်ပြီးသည့်အပြင် သူဘွဲ့ရခဲ့သည့် မက်ဒရစ်မြို့၏ တက္ကသိုလ်တွင်သာ ဆရာမ ပြန်လုပ်ရန် ‌ရွေးချယ်ခဲ့သည်။ မက်ဒရစ်ကို ပြန်ရွေးချယ်ခဲ့သည်မှာလည်း တခြားမဟုတ်။ ကိုရီးယားကို ပြန်သည့်ခဏတွင် သူ Johnny နှင့် တွေ့ခဲ့သည်။ Johnny လည်း သူ့ကဲ့သို့ ကပြားပင်။ အမှန်က Tiffany မှာ ဖခင်နှင့် ဓာတ်မတည့်၍သာ ထိုယောက်ျားကို ယူပြီး မက်ဒရစ်သို့ ရောက်ချလာခြင်းဖြစ်သည်။ Johnny နှင့် ခွဲရလျှင် သေမည့် အနေအထားမဟုတ်။ သို့သော် ယခုနေသည့်အိမ်ကိုလည်း ဖခင်၏ပိုက်ဆံဖြင့်သာ သူဝယ်ထားခြင်းဖြစ်သည်။ ဟိုက သူ့ကို အ‌မွေပြတ်မစွန့်လွှတ်မှန်း သူသိသည်။

Before the clouds meltWhere stories live. Discover now