B4tCM (20)

677 109 2
                                    

“အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၇)နှစ် ကျခံစေ”

လူတစ်ယောက်ကို… လူတစ်ယောက်ဆိုတာကိုမှ ချစ်ခဲ့တဲ့လူကို သတ်ပစ်ပြီး ဘာမှမဖြစ်သလို နေနိုင်တာကမှ ထိတ်လန့်ဖို့ကောင်းတဲ့ ကိစ္စဖြစ်မှာပဲ။ တကယ်တမ်းက အဲ့လို မဟုတ်ခဲ့ဘူး၊ လုပ်သင့်တာကို လုပ်ခဲ့တယ်လို့ ကြိုးစားတွေးနေပေမဲ့ ညတိုင်း အိပ်မက်ဆိုးတွေကနေ ပြေးလို့မှ မလွတ်ခဲ့တာ။ နှစ်ပေ တစ်ပေ ပတ်လည် လေဝင်ပေါက်ပဲ ရှိတဲ့ အခန်းထဲကနေ ဘယ်ကို ပြေးလို့ လွတ်မှာလဲ။ မှန်တဲ့ဘက်က ရပ်တည်တာမျိုးမဟုတ်ဘဲနဲ့ ချစ်ရတဲ့လူဘက်က ရပ်တည်ခဲ့ရင်ရော? ဒါမှမဟုတ် ချစ်ခဲ့တာ မဟုတ်လို့လား? ချစ်ခဲ့တာက သူ မဟုတ်ခဲ့တာမျိုးလား? ဘုရားရေ… တစ်ခါမှ မတွေးဖူးတဲ့ မေးခွန်းမျိုးတောင် ခေါင်းထဲရောက်လာပြီပဲ။ Johnny ရဲ့ လည်ပင်းသွေးကြောတွေထဲ ဓားစိုက်လိုက်ရတာထက် ဒီလိုမေးခွန်းတွေကို ကိုယ့်ဘာသာ ငြင်းနေရတာက ပိုခက်တာပဲ။

“ဧည့်သည် ရောက်လာတယ်”
တံခါးကို သော့ဖွင့်သံနှင့်အတူ လုံခြုံရေး အမျိုးသမီး၏ စကားသံ။

“Taeyeon က နေ့တိုင်း ထောင်ဝင်စာ လာတွေ့ဖို့ ဆုံးဖြတ်ထားတာလားပဲ”
☁️
ဧည့်တွေ့သည့်အခန်းသို့ ရောက်သောအခါ အညိုရောင် အနွေးထည် အထူကြီးကြားထဲတွင် မြုပ်နေသော ကောင်မလေးသည် လက်ဖဝါးနှစ်ဖက်ကို အပြန်အလှန် ခပ်တင်းတင်း ဆုပ်ထားပြီး သူ့ကို စောင့်နေသည်ကို Laura တွေ့သည်။

“တစ်လပဲ ရှိသေးတာကို မင်း လာတွေ့တာ ရက် နှစ်ဆယ်လောက် ရှိပြီ Taeyeon. မင်း စားဖို့ သောက်ဖို့ အလုပ်မလုပ်ဘူးလား”
ထိုင်ခုံတွင် ထိုင်ချရင်း Laura စကားဆိုလိုက်သည်။ “သူ့ကို ရှာမတွေ့သေးဘူးလား Taeyeon. သူ့မိသားစုဆီကိုရော မဆက်သွယ်ရသေးဘူးလား၊ စာချုပ်တွေရော ပြန် ယူပြီးပြီလား”

“နေရထိုင်ရတာ အဆင်ပြေရဲ့လား Laura”

“မပြေဘူး ဘီယာ မသောက်ရဘူးလေ၊ ကိုယ် မေးတာ ဖြေဦး”

“ကိုရီးယားကို သွားပြီး သူ့မိသားစုနဲ့ သွားတွေ့မလို့”

“ကောင်းတယ် မြန်မြန်သွား၊ Tiff ဘယ်မှာလဲ သိရရင် ပြောဦး၊ ကိုယ့်မှာ သူ့ကို ပေးစရာ ရှိတယ်”

Before the clouds meltWhere stories live. Discover now