B4tCM (2)

792 100 2
                                    

"Hola. ဘာများ သုံးဆောင်ချင်ပါသလဲရှင့်။" ကောင်မလေးသည် အဖြူရောင်နှင့် အညိုရောင် ပါသည့် ဆိုင်ဝန်ထမ်းဝတ်စုံကို ဝတ်ထားသည်။ နှုတ်ခမ်းနီ ပါးပါးဆိုးထားသည်မှလွဲ၍ ဘာမှ မလိမ်းခြယ်ထား။ ဘယ်ဘက်ပါးပေါ်မှ မှဲ့ကအစ နှုတ်ခမ်းမွှေး ရေးတေးတေးအထိ အတိုင်းသား Tiffany မြင်ရသည်။

"ဧည့်သည်... ဘာများ သုံးဆောင်မလဲမသိဘူး။" Tiffany ကို မကြည့်ဘဲ သူ့ရှေ့မှ ကွန်ပျူတာ ခလုတ်များကို တဒေါက်ဒေါက်နှိပ်ရင်း ကောင်တာမှ ထိုကောင်မလေးသည် ထပ်မေးသည်။

"ဆောရီး... ကိုယ့်ကို Americano အေးအေးလေး တစ်ခွက်ရယ်... ချောကလက်ခရင်မ်နဲ့ Churros တစ်ခု။"

(Churros - ရေ၊ ထောပတ်၊ ဂျုံ၊ ကြက်ဥ တို့ အဓိကပါဝင်ပြီး ဆီ ပူပူတွင် နစ်မြုပ်သည်အထိ ကြော်ထားသော စပိန် မုန့်တစ်မျိုးဖြစ်သည်။)

Tiffany မှာလိုက်သည့်အရာများကို ကွန်ပြူတာတွင် တဒေါက်ဒေါက်ရိုက်ထည့်လိုက်သော်လည်း ထိုကောင်မလေးသည် Tiffany အား မော့မကြည့်သေး။

"ဘာလို့ Latte မသောက်တာလဲ။"

"ဟမ်... Latte..." ကောင်မလေး၏ မဆီမဆိုင် တိုက်တွန်းချက်ကြောင့် Tiffany အနည်းငယ် အူကြောင်ကြောင်ဖြစ်သွားသည်။

"ထိုင်သောက်မှာလား။ ယူ..."

"မင်း ကိုယ့်ကို မော့ကြည့်ပြီးမှ စကားပြောလို့မရဘူးလား။" ကောင်မလေး၏ စကားမဆုံးခင် Tiffany ဖြတ်ပြောလိုက်သည်။

ဖြတ်ပြောလိုက်သည့်စကားသည် အတော်အတန်အကျိုးသက်ရောက်မှုရှိသည်။ ထိုကောင်မလေးသည် Tiffany အား မော့ကြည့်သည့်အပြင် စိတ်လိုလက်ရ အပြုံးတစ်ခုပါပေးသည်။ ပါးချိုင့် မဟုတ်သော နှုတ်ခမ်းထောင့်စွန်းမှ အချိုင့်သေးသေးလေး။

"ထိုင်မသောက်တော့ဘူး။ ကျသင့်ငွေ ဘယ်လောက်လဲ။" Tiffany လည်း စိတ်ထဲကျေနပ်သွားပြီမို့ ပိုက်ဆံရှင်းရန် ကောင်တာပေါ် ဘေးလွယ် ပိုက်ဆံအိတ်ကို တင်ကာ အိတ်အတွင်းသို့ လှန်လှော ရှာဖွေတော့သည်။

ပိုက်ဆံအိတ်ဘေးသို့ စက္ကူဘူးဖြင့်ထည့်ထားသော ကော်ဖီအပူတစ်ခွက်နှင့် ဆီစုပ်စက္ကူနှင့်ပင် ပတ်ထားသော မုန့်ရောက်လာသည်။

Before the clouds meltWhere stories live. Discover now