B4tCM (17)

603 103 5
                                    

“John. မင်းလိုချင်တာ ရပြီးသွားတဲ့ အခြေအနေမှာပေါ့.. တကယ်လို့ Taeyeon နဲ့ Tiff က တကယ် ချစ်ပြီး လက်တွဲကြမယ်ဆိုရင် မင်းရဲ့ တုံ့ပြန်ချက်က ဘယ်လို ဖြစ်မှာလဲ”

Johnny သည် နှစ်ရက်တစ်ခါလောက် မိမိဆီကို လာပြီး ပျော်ပါးသည်။ မိမိသည် သူ့အတွက် အခမဲ့ ပြည့်တန်ဆာလိုပင်။ သည်လို ဘဝမျိုးကို မနှစ်သက်ပေမဲ့ ကျေနပ်နိုင်အောင် အချစ်ကပဲ လုပ်နိုင်တာမလား။ ဖြစ်နိုင်လျှင် သည်အချစ်တွေကို Laura ကြိုးကွင်း ပေးချင်သည်။ အချစ်ကို ကြိုး‌ကွင်းပေးမရလျှင်လည်း ကိုယ့်ကိုယ်ကိုယ် ကြိုးပေးတာဖြစ်ဖြစ်၊ Johnny ကို အိပ်စက်ခိုင်းလိုက်တာဖြစ်ဖြစ် တစ်ခုခုတော့ လုပ်ချင်သေးသည်။

“စောက် အဓိပ္ပါယ်မရှိတာ Laura.. Tiffany လို အဖိုးတန် မိန်းမမျိုးကို Taeyeon က ရစရာအကြောင်းမှ မရှိတာ၊ သူနဲ့ မတန်ဘူး”
ဝရန်တာလက်ရန်းကို ခွထိုင်ရင်း ဆေးလိပ်ဖွာနေသော Johnny သည် အပေါ်ပိုင်း ဗလာကျင်းထားပြီး ‌ဂျင်းဘောင်းဘီအရှည်ကိုသာ ဝတ်ထားသည်။

“တန်တယ် မတန်ဘူးက Johnny ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးနော်၊ တကယ်လို့ အဲ့လို အခြေအနေမျိုး ဖြစ်လာရင် သူတို့ကို လွှတ်ပေးဖို့ ကိုယ် တောင်းဆိုပါရစေ”
Laura ၏ စကားကြောင့် Johnny ၏ မျက်လုံးများသည် မီးတောက်သဖွယ် Laura ထံ လှည့်လာသည်။

“မင်းလည်း စောက် အဓိပ္ပါယ်မရှိဘူး”

☁️

အဲ့နေ့က ဖလင်ကင်မရာတစ်လုံးကို ဝယ်လာမိတယ်။ အစ်မနဲ့ အမှတ်တရတွေကို သက်သေထူပေးနိုင်မဲ့ ပစ္စည်းတွေ ဖန်တီးလိုတဲ့ စိတ်နဲ့ပေါ့။ ဒါပေမဲ့ တကယ်တမ်းမှာ ကိုယ့်ကိုပဲ အစ်မက တဖျတ်ဖျတ် ရိုက်နေခဲ့တာကို မျက်လုံးထောင့်စွန်းကနေ တွေ့ခဲ့ရတယ်။ ကိုယ်ကလည်း အစ်မအတွက် လှတဲ့ ဖန်တီးမှု တစ်ခု ဖြစ်နေမလား၊ တွေးကြည့်ရုံနဲ့တင် ရင်ခုန်ရပါတယ်။
လက်ထဲ ကင်မရာရောက်လာပြန်တော့လည်း ထင်ထားသလို ပုံတွေရိုက်မယူနိုင်ခဲ့ဘူး။ ရှေ့က အမျိုးသမီးက Tiffany Hwang ဆိုတဲ့ အသိမှာ လက်ချောင်းလှုပ်ဖို့ကိုတောင် မေ့လျော့နေခဲ့တာ၊ အင်း… မျက်ရည်တွေကို ထိန်းဖို့ကိုလည်း မေ့လျော့ခဲ့ပါတယ်… အချစ်က ကိုယ့်ရှေ့မှာ ရှိပေမဲ့ မကြာခင် ခပ်ဝေးဝေးတွန်းလွှတ်လိုက်ရမဲ့ အချစ်အတွက် အကြိုမျက်ရည်တွေကို တားဖို့လည်း မေ့ခဲ့တယ်။ လူမှန်းသိတတ်စအရွယ်ကတည်းက ပထမဆုံးကျရတဲ့ Kim Taeyeon ရဲ့ မျက်ရည်ဟာ အမျိုးသမီးတစ်ယောက်ကို ပိုင်ဆိုင်လိုစိတ်ကြောင့်တဲ့…။ ဒီလူက အစ်မကို အဲ့သည်လောက်အထိ ချစ်ပါတယ်။

Before the clouds meltWhere stories live. Discover now