B4tCM (9)

614 111 4
                                    

ညစာ ထွက်စားသည့်နေ့မှ အဖြစ်အပျက်သည် မရှိခဲ့သည့် ကိစ္စလို အိပ်မက်လို ဖြစ်သွားပြီး ရက်သတ္တပတ် တစ်ပတ်ခန့်သည် အလျင်အမြန်ကုန်ဆုံးသွားသည်။ Taeyeon ၏ လက်မှာလည်း ထင်ထားသည်ထက် အလျင်အမြန် သက်သာလာသည်။ Tiffany နှင့် Taeyeon ၏ ပြောဆို ဆက်ဆံပုံများမှာလည်း ယခင်ကထက် နီးကပ်သထက် နီးကပ်လာသည်။ သို့သော် ညစာစားသည့် ညကလို အဖြစ်အပျက်မျိုး မရှိတော့။ ယနေ့သည် စနေနေ့ဖြစ်သဖြင့် Johnny ၏ ရုံးရော၊ Tiffany တို့၏ ကျောင်းရော ပိတ်သဖြင့် သုံးယောက်လုံး အိမ်တွင် ရှိနေကြသည်။

Taeyeon… ကော်ဖီ က မလုပ်ပေးလည်း ရတာကိုကွာ.. နေ့တိုင်း ပြောနေရတယ်။ လက်တစ်ဖက်တည်းနဲ့ လုပ်တော့မှ အပူလောင်ရင် ဘယ်လိုလုပ်မလဲ”
မနက်လင်း၍ အိပ်ခန်းထဲမှထွက်လာသည်နှင့် Tiffany တစ်ယောက် မီးဖိုချောင်မှ Taeyeon အား လှမ်းအော်ရတော့သည်။

“အပူမလောင်ပါဘူး ပြီးတော့ ဒါက လုပ်ပေးချင်လို့.. ရော့.. ပူတယ် သေချာသောက်”
ဘေးနားသို့ ရောက်လာသော Tiffany ကို Taeyeon ကော်ဖီခွက် ကမ်းပေးလိုက်သည်။

“ကျေးဇူး..”

“ကောင်မလေး Taeyeon. မင်း ဘယ်တော့ မင်းအိမ်ဆီ ပြန်ရွှေ့မှာလဲ မင်းလက်ကလည်း အဆင်ပြေနေပြီ ထင်တယ်”
အပြန်အလှန်စကားပြောရင်း အေးချမ်းနေသော လေထုကို Johnny ၏ စကားသံက ထိုးဖောက်လာသည်။

John ဘာလို့ အဲ့လို ပြောတာလဲ”
Taeyeon ပြန်မဖြေနိုင်ခင်မှာ Tiffany က အရင်ဆီး၍ ပြောလိုက်သည်။

“ဘာကို ဘယ်လို ပြောရမှာလဲ ကိုယ် သက်သောင့်သက်သာ မဖြစ်တော့လို့လေ”

Johnny Park! ရှင် ဘာလို့ ရိုင်းနေတာလဲ မနက်စောစောမှာ ဒီလို စကားမျိုး ပြောမှ ဖြစ်မှာလား”

“ဘာလဲ ဒါ သူ့အိမ်လား”

“ရှင့် အိမ်လည်း မဟုတ်ဘူး… Taeyeon သွား… အပေါ်တက်တော့ အခန်းထဲမှာ သွားနေ”
Johnny ၏ အရိုင်းစိုင်းစကားလုံးများအား Taeyeon ကို ဆက်မကြားစေလို၍ Tiffany မှာ ကောင်မလေးကို အပေါ်သို့ တက်ခိုင်းရတော့သည်။ ယခုရက်အတွင်းမှာ Johnny တစ်ယောက် စိတ်မကြည်ဖြစ်ကာ မကျေနပ်ကြောင်း Tiffany ကို အရိပ်အမြွက်ပေးနေသည်မှာ ကြာလေပြီ။ သို့သော် ယခုကဲ့သို့ ရိုင်းစိုင်းလိမ့်မည်ဟု Tiffany ကြိုမတွက်ထားမိ။

Before the clouds meltWhere stories live. Discover now