B4tCM (18)

632 105 5
                                    

"အစ်မ ဒီပန်းချီကားကို ဘယ်သူဆွဲတာလဲ"

အိမ်က ထွက်လာတာကြာပြီ ဖြစ်သဖြင့် အိမ်ကို အလှဆင်ထားသော ပစ္စည်းများမှာ အနည်းငယ် ပြောင်းလဲနေကြောင်း Tiffany သတိထားမိသည်။ ထို့ကြောင့်လည်း ယခုမှ၊ Halloween အပြီး စပိန်ကနေ တစ်ခေါက်ပြန်ရောက်မှ၊ အိမ်၏ နံရံတစ်လျှောက် ချိတ်ဆွဲထားသော ပန်းချီတချို့ကို လိုက်ကြည့်နေရင်း တစ်နေရာ အရောက်တွင် ခြေလှမ်းများမှာ ရပ်တန့်ရပြန်သည်။ Tiffany ရင်းနှီးနေသည့် ပန်းချီကားပုံစံ။ မြက်ခင်းပြင်ပေါ် ကောင်မလေးတစ်ယောက်က ကိုယ့်လက်ကိုယ်ခေါင်းအုံးပြီး ပက်လက်လှန်အိပ်ကာ ကောင်းကင်ပေါ် မော့ကြည့်နေသည်။ ကောင်းကင်တွင် ဘာမှ မရှိ။ ထောင့်တွင် ထိုးထားသော လက်မှတ်ကို မြင်သောအခါ Tiffany သည် ထိုပန်းချီကားကို ဖြုတ်ချလာပြီး အဖေ၏ဇနီးထံ တန်းတန်းမတ်မတ်သွားသည်။

"အစ်မ ဒီပန်းချီကားကို ဘယ်သူဆွဲတာလဲ"

"Taeyeon."

ရေနွေးခရားအလှထဲ ရေနွေးလောင်းထည့်နေသော အမျိုးသမီးသည် Tiffany နှင့် ပန်းချီကားအား မော့ပင် မကြည့်ဘဲ အဖြေပြန်ပေးသည်။

Tiffany ၏ ဦးနှောက်မှာ စက္ကန့်ပိုင်းလောက် အလုပ်များသွားသည်။ Taeyeon နဲ့ ဘယ်လိုသိတာလဲ၊ အစရှိသဖြင့် မေးခွန်းများသည် ပလုံစီပေါ်လာသည်။

"ညီမလေး ရဲ့ အဖေက ညီမလေးကို ပြောစရာ ရှိတယ် ထင်တယ်၊ အစ်မက အခု ရေနွေးသွားပို့မှာဆိုတော့ တစ်ခါတည်း လိုက်ခဲ့လေ"

ရုတ်တရက် ပြုံး၍ စကားဆက်ဆိုလာသော အမျိုးသမီးကြောင့် Tiffany လည်း ကြောင်အမ်းအမ်းဖြင့် ပန်းချီကားကို လက်ကဆွဲကာ လိုက်သွားတော့သည်။

အဖေဖြစ်သူ၏ စားပွဲ ပေါ်တွင် ရေနွေးခရားနှင့် ကြွေခွက်ငယ်ကို တင်ထားခဲ့ပြီး ဇနီးဖြစ်သူက ပြန်ထွက်သွားလေသည်။ Tiffany တစ်ယောက်သာ အတွေးများပြီး မလှုပ်မယှက် ရပ်နေခဲ့သည်။

"သမီး"

"အဖေရော Taeyeon ကို သိတာလား"

"သမီး အခု အဖေပြောပြမှာကို သေချာနားထောင်.."

"အဖေလည်း သိနေခဲ့တာပဲ... Taeyeon ကို"

သစ္စာဖောက်ခံရသလို ခံစားချက်သည် Tiffany ၏ ရင်ထဲတွင် တိုးထွက်လာသည်။

Before the clouds meltWhere stories live. Discover now