B4tCM (19)

624 106 10
                                    

လမ်းဘေးမီးတိုင်ဘေး ပလက်ဖောင်းပေါ် ထိုင်ပြီး Tiffany ငိုနေမိသည်မှာ နှင်းပွင့်များ သူ့ခန္ဓာကိုယ်ပေါ် အနှံ့ ကျသည်အထိ အငိုမရပ်နိုင်။



"Taeyeon ကတော့ ငါ့ကို မညာလောက်ဘူး ထင်ခဲ့တာ...၊ သူလည်း ကြံရာပါပေါ့"


စိတ်မမှန်တော့သည့်လူလို နှုတ်မှ ရွတ်လိုက်၊ မျက်ရည်များကျလိုက် ဖြင့် နာရီတွေ ကြာလာသည်။ ဖိနပ်မပါဘဲ ပြေးခဲ့ရသည့် ခြေဖဝါးသည် အအေးဒဏ်ကြောင့် ရဲတွတ်နေသည်။ နှင်းကျနေသော အရှိန်သည် Tiffany ယခုအတိုင်း မလှုပ်မယှက် ထိုင်နေလျှင် ညတွင်းချင်း တစ်ကိုယ်လုံးကို နှင်းဖုံးသွားတော့မည်။



ခပ်လှမ်းလှမ်းရှိ အဆောက်အအုံ၏နံရံကိုမှီပြီး လူတစ်ယောက် မတ်တပ်‌ရပ်နေသည်မှာ အတော်ကြာပြီဖြစ်သည်။ လမ်းထဲတွင် စာအိတ်အဝါကို ကိုင်ပြီး ရပ်နေသော လူသည် Taeyeon ဖြစ်ပြီး သူ့ခြေဖဝါးများသည်လည်း ဗလာသာဖြစ်သည်။ Tiffany နောက်က ပြေးလိုက်ရင်း Tiffany တွင် ဖိနပ်မပါမှန်း သိသည့်အခါ သူစီးလာသည့် ဖိနပ်ကို လမ်းတွင် လွှင့်ပစ်ခဲ့သည်။



"ငါလုပ်တာ မှားပြီလား? ဒါပေမဲ့ အစ်မ ငါ့ကို မုန်းသလို Johnny ကိုလည်း မုန်းပြီ၊ ဒါ မှန်ကန်တာပဲ"


မှားတယ်ထင်လိုက်၊ မှန်ပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် ချော့ပြောလိုက်ဖြင့် Taeyeon ၏ စိတ်သည် လွန်ဆွဲနေသည်။



"မဖြစ်တော့ဘူး၊ သူ အေးခဲ သွားလိမ့်မယ်"


အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ပြီး Tiffany ၏ နံပါတ်ကို ‌နှိပ်လိုက်သည်။ ခပ်လှမ်းလှမ်းတွင် ထိုင်လျက် ငိုနေသော အမျိုးသမီးကို ဖုန်းကိုင်ဖို့ Taeyeon မျှော်လင့်နေသည်။


တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက် ခေါ်ပြီးနောက် Taeyeon ၏ ခြေလှမ်းများမှာ လမ်းဘေးပလက်ဖောင်းပေါ်တွင် စိတ်လွတ်နေသည့် လူလို ထိုင်နေသည့် အမျိုးသမီး၏ နံဘေးသို့ ဖြစ်သည်။



ဒူးခေါင်းပေါ် မေးတင်ပြီး ရှေ့မှ ကတ္တရာလမ်းမကို အကြောင်းမဲ့ ငေးကြည့်နေသည်မို့ ဘေးတွင် တစ်စုံတစ်ယောက် လာထိုင်ကြောင်း ခြေထောက်များမှ တဆင့် Tiffany သိရသည်။ လာထိုင်သော သူသည်လည်း သူ့လို ခြေဗလာကိုမှ နီရဲနေသည်။ ခန်းခြောက်စပြုနေသော မျက်ရည်များသည်လည်း မျက်ဝန်းအိမ်တွင် ရုတ်တရက် ပြည့်လျှံလာပြန်သည်။ တစ်စုံတစ်ယောက် ဘေးနားလာထိုင်သည်နှင့် အနားမှ လေထုသည် နွေးသွားသည်။

Before the clouds meltWhere stories live. Discover now