“အမေ့ရဲ့ နှစ်ပတ်လည်က နိုဝင်ဘာလ ဆယ့်သုံးရက်နေ့ မလား။ နှစ်ပတ်လောက်လိုသေးတာ… သမီးရဲ့ကျောင်းက အဲ့လောက်ပျက်လို့မရဘူး အဖေ”
မနက်စာ စားသည့်အချိန်တွင် ဖခင်ဖြစ်သူမှ Tiffany အား တစ်ခုတည်းသော တောင်းဆိုချက်ဖြစ်သည်။ သွားနှင့်သူ မိခင်ဖြစ်သူ၏ နှစ်ပတ်လည်ကို Tiffany အား ရှိစေချင်သည်။ Tiffany ငယ်စဉ်ကတည်းက မိခင်ဖြစ်သူမှာ ဆုံးပါးသွားသည်မို့ Tiffany သည် မိခင်နှင့် ပတ်သက်လာလျှင် နေသားကျနေပြီဖြစ်သည်။“အလုပ်ထွက်လိုက် ဒါဆို”
“အဖေ…”
“ငါ အများကြီး လုပ်ခိုင်းနေတာလည်း မဟုတ်ဘူး မတွေ့ရတာကြာတဲ့ သမီးကို အိမ်မှာ ခဏနေခိုင်းနေတာ”
ထိုအတိုင်းဆိုလျှင် ဖခင်၏ စကားသည် မှန်သည်။ အချိန်ကိုက်ပင် ဖုန်းသံမြည်လာသည်။ ဖုန်းတွင် ပေါ်နေသည်မှာ Taeyeon ဆိုသည့်နာမည်။“ခွင့်ပြုပါဦး”
ဖုန်းပြောရန်အတွက် မနက်စာ စားပွဲမှ Tiffany ခွင့်တောင်း၍ ထလာသည်။“Taeyeon.. ကိုယ် မင်းဖုန်းကို စောင့်နေတာ၊ ကိုယ် စာပို့ထားပေမဲ့ ဘာမှ အဆက်အသွယ်မလာတော့ စာက မရောက်တာလား၊ မမြင်တာလားလို့ တွေးနေတာ..”
“အဲ့လို ခေါ်တာ ဟုတ်လို့လား”
“ဟင် ဘာကိုလဲ”
မိမိမေးသည်ကို မဖြေဘဲ ဖြေချင်ရာ ပြန်ဖြေသော Taeyeon ကြောင့် Tiffany စဉ်းစားရကြပ်သွားသည်။
“ဖုန်းမှားခေါ်တာလား Taeyeon.”“Tae လို့ ခေါ်တာလေ စာထဲမှာ..”
“ဪ အဲ့… အဲ့ဒါက စာကို ကမန်းကတန်း ရိုက်လိုက်ရလို့”
ကောင်မလေးနှင့်တော့ ခက်ချေပြီ၊ Tiffany အား ရှက်ကိုးရှက်ကန်း ဖြစ်စေတော့သည်။“တကယ် ခေါ်ချင်လို့ ခေါ်တာ မဟုတ်ဘူးပေါ့… ထားပါတော့လေ၊ ဖုန်းမဆက်တာက ပင်ပန်းနေမယ်ထင်လို့ တစ်ရက်လောက်နားလိုက်တာပါ၊ မိသားစုမှာ အရေးကြီးကိစ္စပေါ်လာလို့လား”
“မဟုတ်… မဟုတ်ပါဘူး အဖေက ပြန်ခေါ်လို့၊ သိပ်မကြာဘူး ထင်ခဲ့ပေမဲ့ ကြာမယ်ထင်တယ်”
“ဟုတ်လား… လွမ်းနေရတော့မှာပဲ၊ ပိုင်ရှင်မဲ့ ပစ္စည်း ဖြစ်နေတော့မှာပဲ”
YOU ARE READING
Before the clouds melt
Fanfictionဘုရားပေးတဲ့ အသံနဲ့ ကောင်မလေးတစ်ယောက်က သူ့ဘဝအတွက် သက်ရောက်မှု ပြင်းထန်လိမ့်မယ်လို့ Tiffany တစ်ခါမှ မတွေးမိခဲ့ဘူး။ ဘဝတစ်ခုလုံးကို တစ်ခါမှ မမြင်ဖူးတဲ့ အမျိုးသမီးဆီမှာ Taeyeon ပုံအပ်ခဲ့တယ်။ အဲ့ဒါကိုပဲ အချစ်လို့ ယုံခဲ့တယ်။ ကံကြမ္မာဆိုတာ မိုးလေဝသလို ခန့...