B4tCM (6)

598 108 2
                                    

Tiffany နိုးလာသောအခါ Johnny မှာ ရုံးသွားရန် အဝတ်အစားပင် လဲနေပြီဖြစ်သည်။ ယနေ့မနက်သည် သူတို့အိမ်တွင် Taeyeon လာရောက်နေထိုင်ပြီး ပထမဆုံး မနက်ခင်းဖြစ်သည်။

“‌ကောင်းသော မနက်ခင်း John
Tiffany သည် သူ့ရှေ့မှာ ဥရောပသားရုပ် ပေါက်သည့် အမျိုးသား ဖြစ်သူ Johnny အား ပြုံးပြီး နှုတ်ဆက်လိုက်သည်။

“ဟန်နီ နိုးပြီလား။ ဟိုကောင်မလေး မနက်က အစောကြီး ထွက်သွားတဲ့အသံ ကြားလိုက်တယ်။ ကျောင်းအတူ မသွားကြဘူးလား” စကားပြောရင်း အင်္ကျီလက်မှ ကြယ်သီးကို တပ်နေသော Johnny သည် Tiffany အနားသို့ လျှောက်လာကာ Tiffany ၏ နဖူးအား အနမ်းပေးလိုက်သည်။

“အာ.. သူသွားပြီလား။ သူက ကျောင်းက ကော်ဖီဆိုင်မှာ မနက်ပိုင်း အချိန်ပိုင်းလုပ်တာ”

“ဪ.. ပြီးတော့ ထမင်းစားခန်းက စားပွဲပေါ်မှာ ကော်ဖီတစ်ခွက် တင်သွားတာ တွေ့တယ်။ အေးနေလောက်ပြီထင်တယ်”

“ဟုတ်လား”
Johnny ၏ စကားအဆုံးတွင် Tiffany မှာ အပြေးထကာ ကော်ဖီခွက်ဆီသို့ ရောက်သွားတော့သည်။

“ဘယ်တုန်းက ကော်ဖီမှုန့်တွေ နို့တွေ ဝယ်ပြီး ဖျော်ပေးသွားတာလဲ”
နွေးရုံဆိုသည့် အခြေအနေသာ ကျန်သော ကော်ဖီခွက်ကို လက်နှစ်ဖက်နှင့်ကိုင်ပြီး Tiffany မော့သောက်လိုက်သည်။ ထိုကောင်မလေးကြောင့် Tiffany တစ်ယောက် Americano ကော်ဖီ၏ အလှကို မေ့စပြုနေပြီဖြစ်သည်။ 

“ဟန်နီ ကိုယ်သွားတော့မယ်”
အိမ်ရှေ့တံခါးအနားမှ Johnny ၏ အော်သံထွက်လာသည်။ ကော်ဖီခွက်ကို ကိုင်ပြီး Johnny ထံသို့ လျှောက်လာသော ထို အမျိုးသမီး၏ မနက်ခင်းအလှသည် နွေဦး၏ လယ်ကွင်းပြင်များ အလှနှင့်ဆင်သည်။ ထူးခြားသည့်အရာများ မပါဝင်သော်လည်း သည်အတိုင်း ကွင်းပြင်ကိုက ကြည့်မဝ လှနေသည့် အလှမျိုး ဖြစ်သည်။ ခြေဖျားထောက်ပြီး Johnny ၏ပါးကို Tiffany အနမ်းပေးလိုက်သည်။

“ကောင်းသော နေ့ ဖြစ်ပါစေ John

☁️

Tiffany အိမ်သို့ Taeyeon ပြောင်းရွှေ့နေထိုင်နေသည်မှာ တစ်ပတ်ခန့်ကြာပြီဖြစ်သည်။ မနက်ဆိုလျှင် Taeyeon က ကျောင်းသို့  အရင်စောထွက်သွားတတ်သော်လည်း Tiffany အတွက် မနက်ခင်း ကော်ဖီကို မပျက်မကွက် ဖျော်ပေးခဲ့သည်။ မလုပ်ရန် တားမြစ်ဖို့ Tiffany မစွမ်းသာ။ ထိုကောင်မလေး စိတ်ပေါ့ပါးဖို့ လိုသည် ဟု ‌တွေးမိသည်။

Before the clouds meltWhere stories live. Discover now