B4tCM (16)

580 103 7
                                    

အဲ့ဒီနေ့ ညနေက အစ်မနဲ့ ပထမဆုံး စကားပြောရတဲ့ အခိုက်အတန့်ပဲ။ ပြောလိုက်ရတဲ့ စကားသုံးလေးခွန်းမှာ တစ်ဖက်လူကို စိတ်ပူပေးလိုက်တဲ့ အစ်မက နတ်သမီးလို စိတ်ထားကောင်းတယ်၊ မျက်လုံးတွေ ပိတ်တဲ့အထိ ပြုံးပြတတ်တဲ့ အပြုံးတွေကို နေ့တိုင်းမြင်ရတဲ့ ကိုကြီးက လူတွေပြောကြသလိုမျိုး အရင်ဘဝက ကမ္ဘာကြီးကို ကယ်တင်ခဲ့သလားပဲ။ ဒါပေမဲ့ အဲ့ကောင်က တန်ဖိုးမှ မထားတတ်ပါပဲ…

သီချင်းဆိုကတည်းက လှမ်းကြည့်နေမိတဲ့ သဏ္ဌာန်လေးတစ်ခုက သီချင်းလည်းဆုံးရော မျက်ရည်တွေဝဲပြီး ထပြန်သွားတဲ့ ကျောပြင်လေးတစ်ခုအဖြစ် ပြောင်းသွားတယ်။ လူတွေကြားထဲ ပျောက်ကွယ်သွားတဲ့ ကျောပြင်လေးကို တစ်ဆုံးငေးရင်း အစ်မကို ဒီကောင်မလေးက ကျိန်းသေပေါက် ကာကွယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါက အစီအစဉ်တွေထဲကလို မဟုတ်တဲ့ ပထမဆုံး တွေ့ဆုံမှုဖြစ်တယ်၊ မဟုတ်ဘူး… အစ်မအတွက်ပဲ ပထမဆုံး တွေ့ဆုံမှု။

☁️

Laura က ကျောင်းက ကော်ဖီဆိုင်မှာ အလုပ်ရှာပေးတယ်၊ အစ်မက ကော်ဖီသိပ်ကြိုက်တာမို့လို့ ပထမဆုံးတွေ့ဆုံမှုက ကော်ဖီဆိုင်မှာ ဖြစ်လိမ့်မယ်ဆိုပြီး Johnny က အစီအစဉ်ဆွဲတယ်၊ အင်း… Johnny. ကိုကြီးလို့ ခေါ်ရမှာ မသတီတော့တာပဲ၊ Johnny မသိတာက ဒါက ဒုတိယအကြိမ် တွေ့ဆုံမှုဆိုတာကိုပေါ့။ အစ်မလို အမျိုးသမီးကို ပစ်ပယ်ပြီး ငွေကို ပိုမက်နေတဲ့ Johnny လို စောက်တုံးမျိုးကို တစ်သက်တွေ့ရတော့မယ် မထင်ဘူး။

☁️

“Taeyeon မနက်က မင်း သူ့ကို ဘာကော်ဖီပေးလိုက်တာလဲ၊ Tiff ညည်းညူနေတယ်”
ပထမဆုံး ကျောင်းဖွင့်ရက်၏ ပထမဆုံး စာသင်ချိန်အတွင်း Laura သည် Taeyeon ၏အနားသို့ လာကာ မေးသည်။

“သူ့အတွက် ပိုအရသာရှိမဲ့ ကော်ဖီပေါ့”

“မလုပ်နိုင်ရင် မလုပ်နဲ့တော့နော် အခုမှ အစပဲ ရှိသေးတယ် ရပ်လိုက်လို့ရတယ် Taeyeon. တစ်ခုခု မှားသွားတာနဲ့ သူက မင်းကို မုန်းသွားမှာ”

“ဆရာမ Laura ရယ်… စာပဲ သွားသင်ပါ၊ ကိုယ် ဘာလုပ်ရမလဲ သိပါတယ်”
အနားတွင် တတွတ်တွတ်လာပြောနေသော Laura ကို Taeyeon လည်း အသာအယာ တွန်းထုတ်လိုက်သည်။

Before the clouds meltWhere stories live. Discover now