B4tCM (4)

653 110 13
                                    

“သီချင်းနာမည်က Love me.. Like you do..” စကားသံ ဆုံးသည်နှင့်အတူ ကောင်မလေးသေးသေးလေးသည် တီးဝိုင်းဆီသို့ ပြေးသွားတော့သည်။
(Note – I would like to suggest you to listen Taeyeon's cover version of this song)

နားကြပ်တပ်လိုက်သော Taeyeon ၏ လက်ချောင်းလေးများသည် သေးသွယ်သလို နားရွက်လေးသည်လည်း သေးငယ်သည်။ အစအဆုံးလိုက်ကြည့်နေမိသော Tiffany အဖို့ ကာကွယ်ပေးချင်သော စိတ်မျိုးသာ ရင်ထဲတွင် ကိန်း‌အောင်းလာသည်။ အရွယ်ရောက်လာသော ရင်သွေးကို ကြည့်ပြီး ပြုံးမိတတ်သော မိခင်၏ ခံစားချက်မျိုး နှင့် သဏ္ဌာန်တူသလို ရှိပေမဲ့ Taeyeon ကို ကြည့်မိတိုင်း နားရွက်များ ပူလာသည့်ခံစားချက်ကတော့ ထူးဆန်းနေသည်မှာ အမှန်။

Taeyeon သည် မိုက်နှင့် ထောက်တိုင်ကို ယူပြီး တီးဝိုင်း၏ ရှေ့တွင် ကျကျနန နေရာယူလိုက်သည်။ ညနေခင်းသည် အမှောင်ထု ကြီးစိုးလာခြင်းမရှိသေး။ ဂစ်တာကြိုး၏ တုန်ခါမှုနှင့်အတူ ဖျော်ဖြေမှုသည် စတင်လေပြီ။

You’re the light. You're the night. You're the colour of my blood.” အစချီသည့် Taeyeon ၏ သီချင်းဆိုသံက Tiffany ၏ စိတ်ကို ငြိမ်သက်သွားစေနိုင်သည့် အစွမ်းရှိသည်။ မျက်လုံးအစုံကို မှိတ်၍ နားထောင်မိသည့်အခါ ထိုအသံသည် နားမှတဆင့် ဦးနှောက်ရော နှလုံးသားထဲကိုပါ ပျော်ဝင်သွားသည့် ခံစားချက်မျိုးရသည်။ တစ်ဖက်တွင်လည်း မိမိ၏ အသံကို မျက်စိစုံမှိတ်၍ နားထောင်နေသော အမျိုးသမီးသည်သာ Taeyeon ၏ အာရုံကို အပြည့်အဝ ဆွဲဆောင်ထားနိုင်သည်။

What are you waiting for…” သီချင်းဆုံးသံနှင့်အတူ ကြည့်နေသော ပရိသတ်၏ လက်ခုပ်သံများ ထွက်ပေါ်လာသည်။ ထိုအခါမှ Tiffany လည်း အမြင်အာရုံကို ပြန်အလုပ်လုပ်စေတော့သည်။

“ဒီနေ့အတွက် ကျွန်မ တစ်ပုဒ်ပဲ ဆိုမှာပါ။ ကျွန်မကို ခွင့်ပြုကြပါဦး။ ကျေးဇူးတင်ပါတယ်”
ယခုအချိန်အထိ စပိန်စကားမပီသေးသော ကောင်မလေးက စပိန်စကားကို မကြောက်မရွံ့ ပြောနိုင်သည်။ နားမှ နားကြပ်ကို ချွတ်ထားခဲ့ပြီး Tiffany ရှိရာသို့ Taeyeon ပြန်ပြေးလာသည်။ မြက်ခင်းပေါ် ထိုင်နေသော Tiffany ကို လက် ကမ်းပေးပြီး ထစေသည်။

Before the clouds meltWhere stories live. Discover now