B4tCM (15)

564 104 8
                                    

အန်တီကတော့ ပြောတယ်… ကိုကြီးက ကျွန်မကို သူ့ညီမအနေနဲ့ သူ့ရဲ့ အိမ်ထောင်ဖက်ကို မိတ်မဆက်ပေးထားကြောင်း…။ ဒါက သိပ်ဝမ်းနည်းစရာတော့ မကောင်းပါဘူး။ မိတ်ဆက်ပေးလိုက်မှဖြင့် ရင်နာနာနဲ့ အမြဲ ပြုံးပြနေရမဲ့ အဖြစ်ကြီးလေ...

စပိန်မှာပဲ ဂုဏ်ပြုညစာစားပွဲလေး လုပ်ကြတယ် ပြောတယ်။ အစ်မ... အင်းပေါ့ ကိုကြီးရဲ့ ဇနီးဆိုတော့ အစ်မလို့ ခေါ်ရမှာပေါ့... အစ်မရဲ့ အဖေက သူတို့ရဲ့ လက်ထပ်မှုကို ကောင်းချီးမပေးဘူးတဲ့။ အစ်မက ဇွတ်တရွတ်ဆန်တဲ့ အမျိုးသမီး ထင်ပါရဲ့။ အစ်မသာ အဖေ့စကားနားထောင်တဲ့ သမီးလိမ္မာလေး ဖြစ်ခဲ့ရင် ကျွန်မ ပိုပျော်မိမှာပဲ။ အခုတော့လည်း ဦးလေးနဲ့အန်တီနဲ့အတူ ပါလာတဲ့ လက်ထပ်ထိမ်းမြားခြင်း အမှတ်တရ ဓာတ်ပုံတွေကို အတူတူ ရယ်ရင်းမောရင်း ထိုင်ကြည့်ပေးနေရတယ်။ ကောင်းချီးမပေးနိုင်တာကို ကိုကြီးသိရင် ကျွန်မကို ပါးထပ်ရိုက်မလား ဆိုတဲ့ အတွေးကြောင့်လည်း စိတ်ပေါက်ပေါက်နဲ့ ရယ်မိသေးတယ်။

အစ်မက ပိုးသားတွေ၊ ဇာတွေနဲ့အတူ အရောင် တဖိတ်ဖိတ်တောက်နေတဲ့ အဖြူရောင် ဝတ်စုံရှည်နဲ့ အရမ်းကို လှပပါတယ်။ ခပ်မြင့်မြင့်ထုံးထားတဲ့ ဆံထုံးရယ်၊ ဝတ်စုံရှည် အနားကို လက်တစ်ဖက်က ဆွဲထားတဲ့ ဟန်ပန်ရယ်၊ နောက်လက်တစ်ဖက်က ဝိုင် တစ်ခွက်နဲ့ ရယ်မောနေတဲ့ပုံက အရမ်းပြည့်စုံပါတယ်။ အစ်မက ကိုကြီးရဲ့ ဇနီး မယား ဖြစ်သွားပါပြီ။

တိမ်တွေက လက်ခံမဲ့သူမရှိလည်း တရွေ့ရွေ့နဲ့ သွားနေတာပါပဲ။ ဖြစ်နိုင်ရင် တိမ်တွေကို ဘူးလေးထဲထည့်ပြီး သိမ်းထားချင်တယ်၊ လက်ခံမဲ့နေရာ မရှိမှတော့ မြေကြီးထဲ မြှုပ်ပစ်မယ်၊ ဒါပေမဲ့လည်း မစွမ်းသာတော့ လက်ချောင်းတွေက ပန်းချီတစ်ချပ်ကိုပဲ ကြိုးစားပမ်းစား ဆွဲနေမိပြန်တယ်။ ဧည့်ခန်းထဲက အမျိုးသမီးငယ်ကို ဘေးတစောင်းအနေအထားနဲ့ မြင်စေရန် ပန်းချီက ပြောပြပါလိမ့်မယ်...။

☁️

“သမီး... Taeyeon... ”
မျက်စိစုံမှိတ်ရင်း တယောထိုးနေသည့် Taeyeon ကို တယောထိုးသံဆုံးသည်နှင့် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိရသည့် တစ်စုံတစ်ယောက်က စကားစပြောသည်။ မျက်လုံးဖွင့်လိုက်သောအခါ Taeyeon သည် သူ့ရှေ့မှ သူ့ရဲ့ ကျွေးအမေကို တွေ့ရသည်။

Before the clouds meltWhere stories live. Discover now