B4tCM (5)

597 101 4
                                    

လေအေး၏ တိုးဝှေ့မှုတွင် Tiffany နိုးလာသည်။ ပတ်ဝန်းကျင်သည် ထိန်ထိန်ဝါနေသော လမ်းမီးတိုင်ကို အားကိုးရဆဲပင်။ ညက Taeyeon နှင့် စကားပြောရင်း ဝရန်တာတွင် သူ အိပ်ပျော်သွားဟန် တူသည်။ သူ့ကိုယ်ပေါ်တွင် ခြုံစောင်နှစ်ထည် တင်ထားသည်။ ဧည့်ခန်းထဲတွင် ခပ်မှိန်မှိန် မီးအိမ်သည် လင်းနေပြီး ဆိုဖာပေါ်တွင် အိပ်နေသော Taeyeon ကို တွေ့ရသည်။ နံရံပေါ်မှ နာရီသည် ည နှစ်နာရီကို ပြနေသည်။

“အေးလေ သူက ဘယ်လိုလုပ် ချီနိုင်မလဲ။ အဲ့ဒါနဲ့ပဲ မနှိုးတော့ဘဲ ပေးအိပ်လိုက်တာပဲ” တစ်ကိုယ်တည်း ရေရွတ်ပြီး ခြုံစောင်ကို Taeyeon ပေါ်သို့ တင်ပေးလိုက်သည်။
“အင်း…”
ညည်းညူသံသေးသေးနှင့်အတူ စောင်ကို ပိုက်လိုက်သော Taeyeon သည် ကလေးငယ်ကဲ့သို့ အိပ်ပျော်နေသည်။
“ရေဆာလိုက်တာ”
လည်ချောင်းထဲမှ ခြောက်သွေ့မှုသည် မခံမရပ်နိုင် ဖြစ်သောကြောင့် Tiffany ရေသောက်ရန် ဆုံးဖြတ်ပြီး ထမင်းစားခန်းဘက်သို့ ဝင်သွားသည်။ တစ်လီတာ ရေသန့်ပုလင်းကို ထက်ဝက်ခန့် သောက်လိုက်ပြီးမှ Tiffany သည် အဆင်ပြေသလို ခံစားရတော့သည်။

ထို့နောက် ဧည့်ခန်းသို့ ပြန်လာကာ Taeyeon အိပ်နေသည့် ဆိုဖာကို မှီပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ နံရံပေါ်မှ ရေဆေးပန်းချီကားသည် အဆုံးအစမရှိသော အစိမ်းရောင်မြက်ခင်းပြင်ကြီးနှင့် လိ‌မ္မော်ရောင် ညနေခင်း နောက်ခံဖြစ်သည်။ နောက်ကျောပေးထားသော မိန်းကလေး‌ငယ်မှာ ကောင်းကင်တွင် တစ်ခုခုကို တွေ့ရဟန်ဖြင့် မော့ကြည့်နေသည်။ ကောင်းကင်တွင် တိမ်များမှ လွဲ၍ ဘာမှမဆွဲထား။

ဘယ်ကနေ ဘယ်လို စတင်ခဲ့သလဲ ဟု မေးလာလျှင် Tiffany တွင် အဖြေမရှိ။ ဖြစ်မည့် ကိစ္စများသည် ဖြစ်ကို ဖြစ်လာသည်။ ထိန်းချုပ်၍ မရသော ဖြစ်စဉ်များတွင် ဘယ်သူ့တွင် တာဝန်ရှိသလဲကို Tiffany မသေချာ။ ရေစက်သာ ဖြစ်စေချင်ခဲ့သော အသိစိတ်များသည် လက်တွေ့ကံကြမ္မာကို မတောင့်ခံနိုင်သည်မှာ အံ့ဩစရာမရှိ။

“အင်း…”
Taeyeon ထံမှ ညည်းညူသံထွက်လာပြီး အိပ်မက်ဆိုး မက်နေသယောင် မျက်ခုံးနှစ်ဖက်သည် တွန့်ပြီး မျက်မှောင်ကြုတ်နေသည်။

Before the clouds meltWhere stories live. Discover now