Love-Eco (Episode-1)

261 17 14
                                    

1-1-2020. (Wed)

ပြင်ဦးလွင်မြို့ရဲ့ သာယာသော ဆောင်းမနက်ခင်းလေးတစ်ခုမှာ.....................

အဖြူရောင်ဖဲမွေ့ယာကြီးပေါ်မှာ အိပ်မက်ကမ္ဘာထဲ ပျော်မြူးနေကြတဲ့ ကောင်လေးနှစ်ယောက်............

နှစ်ခြိုက်စွာ အိပ်စက်နေကြရင်း New Year ကို ကြိုဆိုနေကြလေသည်။

ထိုကောင်လေးနှစ်ယောက်ကတော့......... မြတ်သောမောင်နဲ့ ခွန်းသစ်.........

Khun Thit's POV:

အေးချမ်းသာယာတဲ့ မနက်ခင်းလေးမှာ ကျွန်တော် အိပ်မက်ကမ္ဘာကနေ လက်တွေ့လောကကြီးထဲကို ရောက်ရှိလာပါတယ်။ ကျွန်တော့်ဘဝမှာ ဒီလိုမျိုး တစ်ခါမှ နှစ်နှစ်ခြိုက်ခြိုက်မအိပ်ဖူးသေးလို့လားမသိဘူး၊ အခုလို နိုးထလာတာကို ကျွန်တော် တော်တော်လေးကို သဘောကျ ကျေနပ်နေမိတယ်။ အခုလို အပြင်လောကအေးစိမ့်နေ ပေမယ့်လည်းအခန်းလုံတာကြောင့် ချမ်းတယ်လို့ သိပ်ပြီး မခံစားရဘူး။ အပြင်ကရှုခင်းတွေကိုမှန်ပြတင်းပေါက်ကနေ လှမ်ကြည့်ပြီး မေမြို့ (သို့) ပြင်ဦးလွင်မြို့ရဲ့ မနက်ခင်းအလှကို တဝကြီးခံစားဖို့ ဖဲမွေ့ယာ ကြီးပေါ်မှာ ကျွန်တော် လှဲနေရာကနေ ထထိုင်လိုက်..........

"အမ်.........ငါ ဖဲမွေ့ယာပေါ်ရောက်နေပါလား.........."

"သေချာတာတစ်ခုက ငါအိပ်နေကြက ဖဲမွေ့ယာမဟုတ်ဘူး...........အိပ်မက်များလား........."

ကိုယ့်လက်မောင်းကိုဆွဲစိတ်ကြည့်လိုက်တော့

"အား..........နာလိုက်တာ...........ဒါဆို အိပ်မက်မဟုတ်ဘူးပဲ......"

"လက်မောင်းဆိုမှ.............ဟင်........................ငါ့ကိုယ်ပေါ်မှာ အဝတ်တွေ ရှိမနေပါလား........................."

"အယ့်.................ဒါဘယ့်သူ့အခန်းကြီးလဲ..........ငါ့အခန်းလည်းမဟုတ်ဘူး....................."

"..............................." "..............."

ကိုယ့်ကိုယ်ကို မေးခွန်းများစွာမေးနေမိသည်။ မေးနေလို့မှ မဆုံးသေး......ကျွန်တော့်ဘေးက လှုပ်လှုပ်ရှားရှား ဖြစ်လာ သည်။ ကျွန်တော်လည်း ရုတ်တရက်ဆိုသလို လန့်သွားသည်။

Love-Eco ဂေဟအချစ် (Completed)Where stories live. Discover now