Love-Eco (Episode-7)

72 10 4
                                    

3 years ago;

ဝေဖြိုးအောင် - "ဒီဓာတ်ပုံတွေက ဘာတွေလဲ?"

တိမ်မိုးသား - "အဲတာ ကိုယ်တို့ဆေးရုံက ဆရာဝန်ပေါက်စလေ၊ သူ လူနာစမ်းတာတွေ မှားနေလို့ ကိုယ်က ပြောပြနေတာလေ"

ဝေဖြိုးအောင် - "လူနာစမ်းပြနေတာလား၊ ဒါမှမဟုတ် သူ့လက်ကိုကိုင်ပြီး နှစ်ယောက်တစ်ကမ္ဘာ လုပ်နေကြတာလား"

တိမ်မိုးသား - "ဖြိုး.....ကိုယ့်ကို မရစ်နဲ့တော့ကွာ....."

ဝေဖြိုးအောင် - "ရစ်တယ်.....ဟုတ်လား.....အင်းပေါ့ ခင်ဗျားတို့အကြောင်း ဖော်မိသလို ဖြစ်သွားတော့ ကျုပ်က အရစ်သမားကြီး ဖြစ်သွားတာပေါ့"

တိမ်မိုးသား - "အဲတာ ကိုယ့်တာဝန်ပဲလေ ဖြိုးရဲ့.....သူတို့တွေ လူနာကို သေချာစမ်းတတ်မှ ဆရာဝန်ကောင်းတွေ ဖြစ်ကြမှာပေါ့"

ဝေဖြိုးအောင် - "အဲတာဆိုလည်း သူတို့နဲ့ပဲ သွားအိပ်လိုက်တော့ သွား။ ညပါ တူတူအိပ်တော့ တညလုံး ကိုယ်ဖိရင်ဖိ သင်ပြပေးလို့ ရတာပေါ့"

တိမ်မိုးသား - "ဝေဖြိုး....ဘာဖြစ်နေတာလဲ ဒီနေ့၊ ခါတိုင်းလည်း ကိုယ်အဲ့လို သင်ပေးနေကြလေ၊ နံရိုးရေပြီး နှလုံးရဲ့ နေရာကိုစမ်းတာ သူ့လက်ကို ကိုင်ပြီး တင်ပြမှ သူသိမှာပေါ့"

ဝေဖြိုးအောင် - "သင်ပြတာကလည်း သင်ပြတာပေါ့၊ ဒါပေမယ့် ခင်ဗျားသင်ပြနေတဲ့ပုံစံက လူနာကို မကြည့်ပဲ အဲ့အကောင်မျက်နှာကို ကြည့်ပြီး ကြည်နူးပီတိတွေဖြစ်နေတာ ဓာတ်ပုံမြင်တဲ့သူတိုင်း သိတယ်"

တိမ်မိုးသား - "ဖြိုး.....မင်း ဘာဖြစ်ချင်နေတာလဲ"

ဝေဖြိုးအောင် - "ငါ့သူငယ်ချင်းပြောတာတွေ ငါ အစက မယုံခဲ့ဘူး၊ ဒါပေမယ့် အခုဟာက မျက်မြင် ကိုယ်တွေ့ တွေ့ခဲ့ရလို့ ငါကိုယ်တိုင် သက်သေဓာတ်ပုံရိုက်လာတာ။ သင်ပြနေတာဆိုရင်လည်းထား.. အခုဟာက ငါတစ်ယောက်လုံး မင်းဘေးမှာ ဓာတ်ပုံလာရိုက်သွားတာကို မမြင်နိုင်လောက်အောင် ဖြစ်နေကြတာ"

ပြောနေရင်းနှင့် ဝေဖြိုးအောင် ငိုသံတွေပါ ပါလာသည်။ မျက်လုံးကလည်း မျက်ရည်မိုးတွေ စတင် ရွာသွန်းလေပြီ။

Love-Eco ဂေဟအချစ် (Completed)Where stories live. Discover now