Love-Eco (Episode-2)

118 14 4
                                    

2-9-2019. (Monday)

Khun Thit's POV:

အခုဆိုရင် ကျွန်တော် ကုမ္ပဏီက လူတွေနဲ့ တော်တော်လေး ရင်းနှီးနေပါပြီ။ ကျွန်တော်ကြီးကြပ်ရတဲ့ အပိုင်း ကလည်း ပြီးသလောက်ရှိနေပါပြီ။ ကုမ္ပဏီဖွင့်ပွဲက ဒီဇင်ဘာလထဲမှာ လုပ်မှာဆိုပေမယ့် ကျွန်တော်တို့တွေက ဖွင့်ပွဲ ပြီးတာနဲ့ အလုပ်တန်းစနိုင်အောင် အခုကတည်းက စီစဉ်စရာတွေ ရှိတာ စီစဉ်နေကြရင်း အလုပ်ဆင်းကြတာပါ။

ရှင်းသန့် - "ခွန်းသစ်ရေ.....သူဌေးက ရုံးခန်းထဲ လာခဲ့ပါဦးတဲ့။"

ခွန်းသစ် - "ဟုတ်ကဲ့ ကိုရှင်းသန့်ရေ၊ ကျွန်တော်သွားလိုက်မယ်။"

ဘာများပြောမလဲတော့မသိဘူး။ သူဌေးဆိုမှ ဒီရက်ပိုင်း သူ့ကို မမြင်ရတာ ၄ရက်လောက်ရှိပြီ။ ခရီးထွက်နေ တာများလား။ ပြီးတော့ ပြောပြရဦးမယ်၊ ကိုယ်တွေသူဌေးက နေ့တိုင်း မြန်မာဝတ်စုံတွေပဲ ဝတ်တာ။ တနေ့တမျိုး မရိုးရဘူး။ သူနဲ့လည်း လိုက်တယ်။ ပြီးတော့ သူ့ကြည့်ရတာ အားကစားလည်း လိုက်စားတယ် ထင်ပါတယ်။ ဗိုက်ချပ်ချပ်၊ အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်းနဲ့။ တခါတလေများ စိတ်ညစ်နေရင်တောင် သူ့ကိုမြင်လိုက်ရရင် စိတ်ညစ်တာတွေ အနည်းနဲ့အများ သက်သာသွားတာမျိုးတောင် ရှိတယ်။ ဒီနေ့လည်း ဘယ်လို ဝတ်လာမလဲတော့ မသိဘူး။ ဟီး...... ထားပါတော့၊ သွားတွေ့လိုက်ပါဦးမယ်။ သူ့ရုံးခန်းရှေ့ရောက်တော့ တံခါးခေါက်ကြည့်လိုက်သည်။

မြတ်သော - "ဝင်ခဲ့ပါ။"

ကျွန်တော် တံခါးတွန်းဖွင့်ပြီး ဝင်သွားလိုက်သည်။ ကျွန်တော် ကိုယ့်မျက်စိကိုတောင် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ အမြဲတမ်း မြန်မာဝတ်စုံကို စမတ်ကျကျ ဝတ်နေတဲ့သူက ဒီနေ့ကြမှ ထူးထူးခြားခြား ရှပ်အင်္ကျီ ဆင်စွယ်ရောင်ကို အောက်က Style Pant အနက်ထံ ထည့်ဝတ်ထားတာ၊ ပြီးတော့ ခါးပတ်ကလည်း တောက်ပြောင် နေလိုက်တာ၊ ဆံပင်ကလည်း ခါတိုင်းလို လန်ထားတာထက် နည်းနည်း နဖူးပေါ် ဖုံးနေတာ။ ဒီလိုပုံစံနဲ့လည်း လိုက် တာပဲ သူက။ လိုက်မှာပေါ့ US မှာ ၆နှစ်လောက်နေလာမှတော့ ဒီလောက်ကတော့ သူ ပြင်တတ်ဆင်တတ်မှာပါ။

Love-Eco ဂေဟအချစ် (Completed)Where stories live. Discover now