Love-Eco (Episode-17)

46 7 2
                                    

At Khun Thit's Home;

Myat Thaw's POV:

အသစ် ဆေးရုံဆင်းလာပြီမို့လို့ သူ့ကို သူ့အိမ် လိုက်ပို့လိုက်ပါတယ်။

မြတ်သော - "မေမေ ကျွန်တော် ဒီည ဒီမှာပဲ အသစ်ကို စောင့်ပြီး အိပ်လိုက်မယ်နော်။"

ဒေါ်မြမြခက် - "ရပါတယ် သားရယ်၊ အန်တီတို့ပဲ စောင့်လိုက်ပါမယ်။ သား အလုပ်တွေ ပျက်နေပါမယ်"

မြတ်သော - "သားအလုပ်တွေက ကိုရှင်းသန့်နဲ့ ခဏ လွှဲထားတာမို့လို့ စိတ်ချရပါတယ် မေမေ။"

ဒေါ်မြမြခက် - "သားသဘောပါကွယ်။ သားရှိနေပေးတော့ အန်တီ'သား အားရှိတာပေါ့။"

ခွန်းသစ် - "ဟာ... မေမေကလည်း ဘာတွေပြောနေတာလဲ။"

ဒေါ်မြမြခက် - "ဘာမှမပြောပါဘူး။ ကဲ အဲတာဆို မေမေ ညနေစာ သွားပြင်ဆင်လိုက်ဦးမယ်။ ရပြီဆိုရင် ခေါ်လိုက်မယ်နော်။"

မြတ်သော - "ဟုတ်ကဲ့ မေမေ။"

ခွန်းသစ် - "မြတ်သော၊ စားပွဲပေါ်က ပန်းစည်းက ဘယ်သူ့ဟာလဲ။"

သူ့အိပ်ရာဘေးက ခုံပေါ်က အဝါရောင်နှင်းဆီပန်းစည်းကို ညွှန်ပြပြီး ကျွန်တော့်ကို မေးလိုက်တယ်။

မြတ်သော - "ဪ... အဲတာ မိုးသောက်လာတုန်းက ပေးသွားတာလေ။"

ခွန်းသစ် - "မိုးသောက်လာတာ ပန်းစည်းပါခဲ့တယ်လား။"

မြတ်သော - "အင်းလေ အသစ်ရဲ့"

ခွန်းသစ် - "မိုးသောက်က အသစ်ပေါ်ဆို ကောင်းရှာပါတယ်။ ဒါပေမယ့် အခုကိစ္စမှာ သူ့အစ်မ ကေသီက ဘာဖြစ်လို့ အသစ်တို့ကို တိုက်ခိုက်ချင်နေတာလဲ မသိပါဘူး။"

မြတ်သော - "အသစ်၊ အခု လောလောဆယ် လုံးဝ နေပြန်ကောင်းသွားအောင် အေးအေးဆေးဆေးနေဦး။ တခြား ဘာမှ မတွေးနဲ့ဦးနော်။"

ခွန်းသစ် - "အင်းပါ"

မြတ်သော - "အသစ်က လိမ္မာပါတယ်။"

ခွန်းသစ် - "မြတ်သော..."

မြတ်သော - "ပြောလေ အသစ်"

ခွန်းသစ် - "အဲ့နေ့ညက မြတ်သောကို အထင်လွဲခဲ့မိလို့ တောင်းပန်ပါတယ်နော်။"

Love-Eco ဂေဟအချစ် (Completed)Where stories live. Discover now