Love-Eco (Episode-16)

53 5 2
                                    

ပြင်ဦးလွင်မြို့ ချမ်းသာသုခ ကိုယ်ပိုင်ဆေးရုံရဲ့ ICU (Intensive Care Unit = အထူးကြပ်မတ်ကုသဆေင်) တွင် ဆရာဝန်များနှင့် သူနာပြုများ အလုပ်ရှုပ်နေကြသည်။ အကြောင်းမူကား ယာဉ်တိုက်မှုကြောင့် ခေါင်းထိခိုက်ပြီး ရောက်လာသော လူနာ၏ အသက်ကို ကယ်နေရသောကြောင့်ဖြစ်သည်။

"ဆရာ လူနာသွေးထွက်လွန်ပြီး BP (Blood Pressure = သွေးဖိအား၊ သွေးပေါင်ချိန်) ထိုးကျနေတယ်"

"သွေးသွင်းဖို့ မြန်မြန်ပြင်ဆင်လိုက်"

"သွေးက ဘာအမျိုးအစားလဲ"

"O+ ပါ ဆရာ"

နာရီဝက်လောက် ဆရာ ဆရာမတွေ ကြိုးကြိုးစားစား ကုသပေးလိုက်တာကြောင့် လူနာအခြေအနေ တည်ငြိမ်သွားခဲ့သည်။ လူနာရှင်များလည်း အဲ့အခါမှ စိတ်အေးသွားကြရသည်။


Myat Thaw's POV:

ကျွန်တော့်စိတ်တွေ ရှုပ်ထွေးနေပြီး ကျွန်တော့်ရင်တွေလည်း ဗလောင်ဆူနေပါတယ်။ အခုကိစ္စရဲ့ အဓိက တရားခံက ကျွန်တော်ပါပဲ။ ကျွန်တော့်ရဲ့ သတိလွတ်သွားတဲ့တစ်ချက်ကြောင့် ကျွန်တော့်ချစ်သူလေး အခုလို ကြုံလိုက်ရတာ။ ဟုတ်ပါတယ်... လူနာက အသစ်ပါ။ ကျွန်တော့်ကို စိတ်ဆိုးပြီး လမ်းပေါ်တက်ပြေးသွားလို့ မောင်းလာတဲ့ ကားနဲ့ တိုက်မိသွားခဲ့တာ။ ကားက အရှိန်မပါလာလို့ ကံကောင်းပါပေတယ်။ ကျွန်တော် တစ်ယောက်တည်း လူနာခန်းရှေ့မှာ ထိုင်စောင့်နေတုန်း ကိုတိမ်မိုးနဲ့ လင်းသစ်က ရောက်လာခဲ့ပါတယ်။

လင်းသစ် - "ကိုမြတ်သော၊ ကျွန်တော့်ကိုကြီးရော?"

မြတ်သော - "လောလောဆယ်တော့ စောင့်ကြည့်ခန်းထဲမှာပဲ"

လင်းသစ် - "သူ... သူ အခြေအနေ ကောင်းပါတယ်နော်"

လင်းသစ်ခမျာ မေးနေရင်းနဲ့ အသံတွေ တုန်လာပြီး မျက်ရည်တွေပါ ကျလာခဲ့တယ်။

မြတ်သော - "အခု အားလုံး တည်ငြိမ်သွားပါပြီ ညီလေး။ မင်းကိုကြီး အန္တရာယ်ကင်းသွားပါပြီ။"

လင်းသစ် - "တော်သေးတာပေါ့ဗျာ... အီးဟီးဟီး... ကျွန်တော် စိတ်ပူလိုက်ရတာဗျာ... အီးဟီးဟီး"

Love-Eco ဂေဟအချစ် (Completed)Where stories live. Discover now