Love-Eco (Episode-4)

94 12 0
                                    

14-2-2019. (Thursday)

Myat Thaw's POV:

ဖေဖေက ရုံးကဝန်ထမ်းတွေကို အနားပေးတဲ့အနေနဲ့ ဒီအပတ် တစ်ပတ်လုံးကို အလုပ်နားပြီး ရုံးကလူတွေ အကုန် အပျော်ခရီးထွက်သွားကြတယ်။ ကျွန်တော်ကတော့ ခရီးထွက်ရတာကို အရမ်းဝါသနာမပါတော့ မေမြို့မှာပဲ နေခဲ့ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါနဲ့ပဲ ကျွန်တော် မြို့ထဲမြို့ပြင် စိတ်ကူးပေါက်ရာနေရာတွေကို သွားလည်နေတယ်။ ဒီနေ့တော့ မြို့စွန်က ဒီဇင်ဘာ နွားနို့ခြံ (ဒီဇင်ဘာ စားဥယျာဉ်) သွားဖြစ်တယ်။ အဲ့မှာက ရေတံခွန်လည်းရှိတယ်။ ဒါပေမယ့် ကျွန်တော်က ရေတံခွန် မသွားပါဘူး။ ကျွန်တော်က ရေကူးတတ်တယ်ဆိုပေမယ့် ရေအရှင်တွေကိုတော့ သဘောမကျဘူး။ အဲတာကြောင့် လည်းစရာရှိတာလည်ပြီး ဗိုက်ဆာလာတာနဲ့ နေ့လည်စာစားဖို့ December Restaurant ကိုသွားလိုက်တယ်။

အချိန်ကလဲ ဖေဖော်ဝါရီဆိုတော့ မေမြို့အတွက် အအေးဆုံးအချိန်ကာလပေါ့။ နေ့ခင်း နေသာနေပေမယ့် တိုက်တဲ့လေက အေးတော့ အနွေးထည် ချွတ်ထားရတယ်လို့ကို မရှိဘူး။ ဒါပေမယ့် ဒီလောက်အေးတာကတော့ ကျွန်တော့်အတွက် အဆင်ပြေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် US မှာ ၅နှစ်လောက် ကျောင်းတက် ခဲ့တုန်းက အဲ့မှာ ဒီထက်အေးတဲ့ အခြေအနေတွေနဲ့လည်း ကြုံဖူးခဲ့တယ်ဆိုတော့လေ။

ဒီလိုနဲ့ပဲ ကျွန်တော် စားသောက်ဆိုင်ရောက်တော့ လွတ်နေတဲ့နေရာ တစ်နေရာကို ရွေးလိုက်တယ်။ ဒီမှာ ရှိတဲ့ စားပွဲတွေက Bungalow ပုံစံလေးတွေကိုမှ သက်ကယ်မိုးလေးတွေနဲ့၊ ပြီးတော့ တစ်ဝိုင်းနဲ့ တစ်ဝိုင်းကြားမှာ အတော်အသင့် ဝေးထားပေးတယ်လေ။ အဲတာကြောင့် မလိုအပ်ပဲ လူတွေ အာရုံစိုက်မှုကို မခံစတော့ဘူးပေါ့။

စားပွဲထိုးကောင်လေးကို မှာစရာရှိတာတွေ မှာလိုက်ပြီး၊ မှာထားတာတွေကို ထိုင်စောင့်နေရင်း အမှတ်မထင် လူတစ်ယောက်က ကျွန်တော့်အမြင်အာရုံထဲ ဝင်လာပြန်တယ်။ အဲ့သည်သူက ကျွန်တော့်ရဲ့ အရှေ့ဖက်ဝိုင်က၊ သိုးမွေး အင်္ကျီ ခေါင်းစွပ် ဆင်စွယ်ရောင်လေးနဲ့၊ အောက်ကလည်း ဂျင်းဘောင်းပြီ နက်ပြာရောင်နဲ့၊ မဟူရာလို မဲနက်နေတဲ့ ဆံပင်လေးတွေက နဖူးပေါ်ကို ဖုံးနေတယ်။

Love-Eco ဂေဟအချစ် (Completed)Wo Geschichten leben. Entdecke jetzt