Love-Eco (Episode-8)

67 8 0
                                    


1-12-2019. (Sunday)

Myat Thaw's POV:

ဒီနေ့က ကျွန်တော့်တို့ကုမ္ပဏီရဲ့ ဖွင့်ပွဲနေ့ပါ။ ရှင်းရှင်းပြောရရင် ကျွန်တော့်အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ပထမဆုံး ခြေလှမ်းပေါ့ဗျာ။ ပွဲကိုတော့ ကျွန်တော့်ကုမ္ပဏီမှာပဲ ကျင်းပ လိုက်ပါတယ်။ ကျွန်တော့်ကုမ္ပဏီက လက်ရှိဝန်ထမ်းတွေရော၊ ကုမ္ပဏီစမှ အလုပ်ဆင်းရမယ့် ဝန်ထမ်းတွေရော၊ ကျွန်တော့မိတ်ဆွေတွေရော၊ ဖေဖေနဲ့ မေမေတို့ရဲ့ မိတ်ဆွေတွေရော တော်တော် များများ လာကြတော့ တော်တော်လေးကို စည်ကားလွန်းပါတယ်။

ဒီလိုပွဲတွေဆိုရင် တော်တော်များများက အနောက်တိုင်းဝတ်စုံတွေကို ဝတ်ကြတာများတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ထုံးစံအတိုင်း လည်ကတုံးအင်္ကျီ၊ ပုဆိုးနဲ့ ကတ္ထီပါဖိနပ်တို့ပဲ ဝတ်ပါတယ်။ ကျွန်တော့်ဝန်ထမ်းတွေကိုတော့ ဘာဝတ်ရမယ်ဆိုပြီး စည်းကမ်းမထုတ်ထားပေမယ့် သရုပ်ပျက်ဝတ်စားတာကိုတော့ ကျွန်တော်တားမြစ်ထားပါတယ်။ အဲတာကြောင့် အနောက်တိုင်း ဝတ်စုံကို အပြည့်အစုံဝတ်လာတဲ့သူတွေရှိသလို၊ ကျွန်တော့်လို ရှပ်အင်္ကျီ၊ ဒါမှမဟုတ် လည်ကတုံးကို ပုဆိုးနဲ့ တွဲဝတ်လာတဲ့သူတွေလည်း ရှိကြပါတယ်။

ကျွန်တော်က ကုမ္ပဏီယူနီဖောင်းရယ်လို့ မသတ်မှတ်ထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် ကိုယ်အလုပ်လုပ်ရင် ကိုယ့်ကို သက်သောင့်သက်သာရှိစေတဲ့ အဝတ်ကိုပဲ ဝတ်ချင်လို့ပါ။ အဲတာကြောင့် ယူနီဖောင်းအစား ရင်ထိုးတွေကို စီစဉ်ပေးထားပါတယ်။

မြတ်သော - "ကိုရှင်းသန့်၊ ခွန်းသစ်ကို တွေ့မိသေးလားဗျ"

ရှင်းသန့် - "အခုလေးတင် တွေ့လိုက်ပါတယ်၊ ဟိုဖက်သွားခဲ့တယ်နဲ့တူတယ်၊ အစ်ကို သွားခေါ် ‌ပေးရမလား?"

မြတ်သော - "ရတယ်၊ ရတယ် ကိုရှင်းသန့်၊ အစ်ကို ဒီနားမှာပဲ ကြည့်ကြပ်ထားလိုက်ပါ။ ကျွန်တော် လိုက်သွားလိုက်မယ်"

ကျွန်တော် ကိုရှင်းသန့် ညွှန်လိုက်တဲ့နေရာကို လျှောက်သွားခဲ့တယ်။ သူ့ကို ရှာနေမိတယ်။

Love-Eco ဂေဟအချစ် (Completed)Where stories live. Discover now