Love-Eco (Episode-12)

60 6 0
                                    

2-1-2020. (Thursday), at 6am;

ပြင်ပလောကကြီးက စတင်ပြီး နိုးထလာခဲ့ပါပြီ။ ငှက်ကလေးတွေကလည်း သူတို့သဘာဝအတိုင်း သူတို့ရဲ့ ချိုသာလှတဲ့ အသံလေးတွေနဲ့ နေ့သစ်ကို ကြိုဆိုနေကြပါပြီ။ နေမင်းကြီးကလည်း တိမ်တွေကို စောင်အဖြစ် ခြုံပြီး အိပ်နေရာကနေ အခုတော့ သူလည်း လှုပ်ရှားလာတဲ့ လောကကြီးကြောင်း နိုးလာခဲ့ပါပြီ။ ပြင်ဦးလွင်မြို့ရဲ့ ဆောင်းရာသီ အရှိတ်တက်နေချိန်မို့လို့ နေမင်းကြီးခင်ဗျာ မြူနှင်းတွေကို အနားယူဖို့ တိုက်တွန်းနေရပါပြီ။ မြူနှင်းတွေကလည်း နေမင်းကြီးရဲ့ စေခိုင်းမှုကြောင့် တဖြည်းဖြည်းနဲ့ တပ်ဆုတ်နေကြပါပြီ။

ဘဝအတွက် ရုန်းကန်ကြမယ့်သူတွေကတော့ သူတို့တွေရဲ့ လုပ်ငန်းတွေကိုလုပ်ဖို့ ပြင်ဆင်နေကြပေမယ့် တချို့ကတော့ ဆောင်းမနက်ခင်းရဲ့ အေးချမ်းတဲ့အရသာကို သက်သောင့်သက်သာ ခံစားနေကြပါတယ်။ နူးညံ့လှတဲ့ ဖဲမွေ့ယာကြီးပေါ်မှာ ဆောင်းတွင်းရဲ့ အအေးဒဏ်ကို အန်တုပြီး အဝတ်ဗလာများနဲ့ အိပ်မက်ကမ္ဘာမှာ ကြည်နူး နေကြတဲ့ အချစ်ရဲ့ သားတော်လေးတွေလည်း အပါအဝင်ပေါ့။ သူတို့အအေးဒဏ်ကို မခံစားရတဲ့ အကြောင်းကို တွေးကြည့်လိုက်တော့ ဖြစ်နိုင်ခြေတိုင်းက သူတို့ကို အအေးဒဏ်ကနေ ကာကွယ်ပေးနေတာကြောင့်ပဲ ဖြစ်ပါမယ်။

အဲဒီဖြစ်နိုင်ခြေတွေက (၁) အခန်းထဲမှာ ဖွင့်ထားတဲ့ အနွေးပေးစက်၊ (၂) နူးညံ့ပြီး အပူလုံအောင် ထိန်းပေးနိုင်တဲ့ ဂွမ်းဆောင်ကြီးတွေ၊ (၃) အအေးဒဏ်ကို တောင့်ခံ့နိုင်တဲ့ အုတ်နံရံတွေ၊ (၄) တစ်ယောက်နဲ့ တစ်ယောက် ဗလာခန္ဓာကိုယ်ချင်း ဖက်ထားတာကြောင့် နှစ်ယောက်ကြားမှာ မျှနေတဲ့ အချစ်နဲ့ အကြင်နာအနွေး၊ အဲတာတွေက ဖြစ်နိုင်ခြေတွေပါ။ ဒါပေမယ့် အဲဒီဖြစ်နိုင်ခြေတွေထဲမှာ (၄) တစ်ခုတည်းနဲ့တင် သူတို့ကို တော်တော် နွေးနေစေလောက်ရောပေါ့။

အဝတ်အစားတွေ မဝတ်ထားကြဘူးပေါ့? ဘာကြောင့်လဲ? အကြောင်းရှိတာပေါ့ဗျာ။ သူတို့လေးတွေ ညက အချစ်ဆိုတဲ့တောင်ကြီးပေါ်ကို အကြင်အနာဆိုတဲ့ လမ်းတွေကနေ အားကြိုးမာန်တက် လျှောက်လှမ်းထားကြလို့ပါ။ ပင်ပန်းကြမယ်ဆိုတာ သေချာပေမယ့်လည်း ပန်းတိုင်ဖြစ်တဲ့ 'အချစ်'ဆိုတဲ့ အလံကို တောင်ထိပ်မှာ စိုက်ထူနိုင်ခဲ့လို့ အောင်မြင်မှုနဲ့စာရင် ပင်ပန်းမှုက မပြောပတော့ပါ။

Love-Eco ဂေဟအချစ် (Completed)Where stories live. Discover now